ဒဂုံမြောက် ၃၂ ရပ်ကွက် ရပ်ကျေးရုံး သေနတ်၊ဗုံးသီးတို့ဖြင့်ပစ်ခတ်ခံရ

0
140

ဒဂုံမြောက် ၃၂ ရပ်ကွက် ရပ်ကျေးရုံး သေနတ်၊ဗုံးသီးတို့ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၂ ရပ်ကွက်၏ ရပ်ကျေးရုံးသည် မတ် ၂၀ ရက် (ယနေ့)နံနက်အစောပိုင်းက သေနတ်၊ဗုံးသီးတို့ဖြင့် ပစ်ခတ်ခံခဲ့ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

၃၂ ရပ်ကွက်၊ဘုရင့်နောင်လမ်းနှင့်ရွှေပြည်သာ (၂)လမ်းထောင့်ရှိ ရပ်ကျေးရုံးအား နံနက်အစောပိုင်း ၄ နာရီကျော်ခန့်က အမည်မသိလက်နက်ကိုင်များက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ရပ်ကွက်ရုံးကိုလာပစ်တာ သေနတ်နဲ့အရင်စပစ်တယ် ပြန်ထွက်ခါနီးမှာ ဗုံးသီးနဲ့ထပ်ပစ်သွားတာ ရပ်ကွက်ရုံးမှာက လုံခြုံရေးအရ ကင်းစောင့်တဲ့လူ ၁၀ ယောက်လောက်တော့ရှိတယ် ကားနဲ့လာပစ်ကြတာလို့သိထားတယ်”ဟုလုံခြုံရေးအဖွဲ့နှင့်နီး စပ်သူတစ်ဦးကပြောသည်။

ပစ်ခတ်ခံရမှုဖြစ်စဥ်တွင် ရပ်ကျေးရုံး၌လုံခြုံရေးအရကင်းစောင့်နေသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

“ဘုရင့်နောင်လမ်းပေါ်ကနေပစ်တာ လူထိခိုက်တာတော့မရှိပါဘူး ရပ်ကွက်ရုံးက သွပ်ပြားနဲ့ရေသွယ်ပိုက်နည်းနည်းပျက်စီးတယ် ဗုံးသီးနဲ့ပစ်တဲ့အချိန်မှာ ဗိုလ်ကြာညွှန့်လမ်းသွယ်ထဲက သုံးထပ်အိမ်တစ်လုံးရဲ့ ခေါင်းရင်းဘက်အုတ်နံရံ၊ပြတင်း ပေါက်မှန်နဲ့လေကာမှန်ပျက်စီးသွားတယ်”ဟု ရပ်ကျေးရုံးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ ရပ်ကျေးရုံးအနီးမှ 9 MM ကျည်ခွံ ၁၂ ခုနှင့်ကျည်ထိပ်ဖူး ၂ ခု၊ဗုံးသီးထိမှန်ခဲ့သည့် နေ အိမ်အနီးမှ သတ္တူအပိုင်းအစ ၁ ခုတို့အား သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

Zaw Gyi

ဒဂုံေျမာက္ ၃၂ ရပ္ကြက္ ရပ္ေက်း႐ုံး ေသနတ္၊ဗုံးသီးတို႔ျဖင့္ပစ္ခတ္ခံရ

ရန္ကုန္ၿမိဳ႕၊ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ ၃၂ ရပ္ကြက္၏ ရပ္ေက်း႐ုံးသည္ မတ္ ၂၀ ရက္ (ယေန႔)နံနက္အေစာပိုင္းက ေသနတ္၊ဗုံးသီးတို႔ျဖင့္ ပစ္ခတ္ခံခဲ့ေၾကာင္း ရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

၃၂ ရပ္ကြက္၊ဘုရင့္ေနာင္လမ္းႏွင့္ေ႐ႊျပည္သာ (၂)လမ္းေထာင့္ရွိ ရပ္ေက်း႐ုံးအား နံနက္အေစာပိုင္း ၄ နာရီေက်ာ္ခန္႔က အမည္မသိလက္နက္ကိုင္မ်ားက လာေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။

“ရပ္ကြက္႐ုံးကိုလာပစ္တာ ေသနတ္နဲ႔အရင္စပစ္တယ္ ျပန္ထြက္ခါနီးမွာ ဗုံးသီးနဲ႔ထပ္ပစ္သြားတာ ရပ္ကြက္႐ုံးမွာက လုံၿခဳံေရးအရ ကင္းေစာင့္တဲ့လူ ၁၀ ေယာက္ေလာက္ေတာ့ရွိတယ္ ကားနဲ႔လာပစ္ၾကတာလို႔သိထားတယ္”ဟုလုံၿခဳံေရးအဖြဲ႕ႏွင့္နီး စပ္သူတစ္ဦးကေျပာသည္။

ပစ္ခတ္ခံရမႈျဖစ္စဥ္တြင္ ရပ္ေက်း႐ုံး၌လုံၿခဳံေရးအရကင္းေစာင့္ေနသူမ်ား ထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း သိရသည္။

“ဘုရင့္ေနာင္လမ္းေပၚကေနပစ္တာ လူထိခိုက္တာေတာ့မရွိပါဘူး ရပ္ကြက္႐ုံးက သြပ္ျပားနဲ႔ေရသြယ္ပိုက္နည္းနည္းပ်က္စီးတယ္ ဗုံးသီးနဲ႔ပစ္တဲ့အခ်ိန္မွာ ဗိုလ္ၾကာၫႊန္႔လမ္းသြယ္ထဲက သုံးထပ္အိမ္တစ္လုံးရဲ႕ ေခါင္းရင္းဘက္အုတ္နံရံ၊ျပတင္း ေပါက္မွန္နဲ႔ေလကာမွန္ပ်က္စီးသြားတယ္”ဟု ရပ္ေက်း႐ုံးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

အခင္းျဖစ္စဥ္ေနရာအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးရာ ရပ္ေက်း႐ုံးအနီးမွ 9 MM က်ည္ခြံ ၁၂ ခုႏွင့္က်ည္ထိပ္ဖူး ၂ ခု၊ဗုံးသီးထိမွန္ခဲ့သည့္ ေန အိမ္အနီးမွ သတၱဴအပိုင္းအစ ၁ ခုတို႔အား သိမ္း ဆည္းရမိခဲ့ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here