နိုင်ငံတကာ လေကြောင်းလိုင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ခရီးသွားနှင့် ဟိုတယ်လုပ်ငန်း ခြေလှမ်းစပြင်

0
63

နိုင်ငံတကာလေကြောင်းလိုင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ခရီးသွားနှင့်ဟိုတယ်လုပ်ငန်း ခြေလှမ်းစပြင်

မြန်မာနှစ်ဆန်း(၁)ရက်နေ့ကစပြီး မြန်မာနိုင်ငံက ၂နှစ်ခန့်ရပ်နားထားသည့် နိုင်ငံတကာခရီးသည်တင်လေကြောင်းလိုင်းများအား ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ခရီးသွားနှင့်ဟိုတယ်လုပ်ငန်းများကလည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လာနေကြပြီဖြစ်သည်။

ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက“ကိုဗစ်စဖြစ်ပြီဆိုတာနဲ့ ပြည်ပခရီးသွားက သုညဖြစ်သွားတယ် ။ကိုဗစ်ကြောင့် ထိခိုက်ခဲ့တဲ့ လုပ်ငန်းတွေထဲမှာလည်းပဲ ဟိုတယ်၊ခရီးသွားက ထိပ်ဆုံးက ဖြစ်နေတယ်။အခုက အခြေအနေလေး နည်းနည်းပြန်လှုပ်လာတယ်ပေါ့။ဒီတော့ ပြင်ဆင်တာတွေကတော့ ရှိနေကြပါတယ်။ကိုဗစ်ကပ်ရောဂါကလည်း ဆက်ရှိနေချိန်ဆိုတော့ အများကြီးတော့ မမျှော်မှန်းထားဘူး။ဒါပေမယ့် ပြင်ဆင်တာတွေလုပ်နေပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ကမူ လေကြောင်းလိုင်းများပြန်ဖွင့်လျှင် လာရောက်နိုင်သည့် ပြည်ပခရီးသွားက စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်သော ခရီးသွားများ အများဆုံးဖြစ်လိမ့်မည်ဟု ခန့် မှန်းထားသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနောင်းနောင်းဟန်က“ အခုဆိုရင် နိုင်ငံတကာမှာလည်း အပန်းဖြေခရီးသွားတွေဝင်နေကြပြီ။ဒါပေမယ့် နည်းနေသေးတယ်။အချိန်တော့စောင့်ရအုံးမယ်”ဟု မှတ်ချက်ပြုသည်။

 

ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔ကစၿပီး ျမန္မာႏိုင္ငံက ၂ႏွစ္ခန႔္ရပ္နားထားသည့္ ႏိုင္ငံတကာခရီးသည္တင္ေလေၾကာင္းလိုင္းမ်ားအား ျပန္လည္ဖြင့္လွစ္ေတာ့မည္ျဖစ္၍ ခရီးသြားႏွင့္ဟိုတယ္လုပ္ငန္းမ်ားကလည္း ႀကိဳတင္ျပင္ဆင္မႈမ်ား လုပ္ေဆာင္လာေနၾကၿပီျဖစ္သည္။

ဟိုတယ္လုပ္ငန္းရွင္တစ္ဦးက“ကိုဗစ္စျဖစ္ၿပီဆိုတာနဲ႔ ျပည္ပခရီးသြားက သုညျဖစ္သြားတယ္ ။ကိုဗစ္ေၾကာင့္ ထိခိုက္ခဲ့တဲ့ လုပ္ငန္းေတြထဲမွာလည္းပဲ ဟိုတယ္၊ခရီးသြားက ထိပ္ဆုံးက ျဖစ္ေနတယ္။အခုက အေျခအေနေလး နည္းနည္းျပန္လႈပ္လာတယ္ေပါ့။ဒီေတာ့ ျပင္ဆင္တာေတြကေတာ့ ရွိေနၾကပါတယ္။ကိုဗစ္ကပ္ေရာဂါကလည္း ဆက္ရွိေနခ်ိန္ဆိုေတာ့ အမ်ားႀကီးေတာ့ မေမွ်ာ္မွန္းထားဘူး။ဒါေပမယ့္ ျပင္ဆင္တာေတြလုပ္ေနပါတယ္”ဟု ေျပာသည္။

ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္း ကမူ ေလေၾကာင္းလိုင္းမ်ားျပန္ဖြင့္လွ်င္ လာေရာက္ႏိုင္သည့္ ျပည္ပခရီးသြားက စီးပြားေရးလုပ္ငန္းႏွင့္ပတ္သက္ေသာ ခရီးသြားမ်ား အမ်ားဆုံးျဖစ္လိမ့္မည္ဟု ခန႔္ မွန္းထားသည္။

ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းဥကၠဌ ဦးေနာင္းေနာင္းဟန္က“ အခုဆိုရင္ ႏိုင္ငံတကာမွာလည္း အပန္းေျဖခရီးသြားေတြဝင္ေနၾကၿပီ။ဒါေပမယ့္ နည္းေနေသးတယ္။အခ်ိန္ေတာ့ေစာင့္ရအုံးမယ္”ဟု မွတ္ခ်က္ျပဳသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here