ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများအသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည်မဟုတ်ကြောင်း အသိပညာပေးမြေစိုက်ဘုတ်များ နေပြည်တော်တွင်စိုက်ထူ

0
170

ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများအသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည်မဟုတ်ကြောင်း အသိပညာပေးမြေစိုက်ဘုတ်များ နေပြည်တော်တွင်စိုက်ထူ

၂၀၂၂ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများ အသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည်မဟုတ်ကြောင်း “မိဘပြည် သူများသို့အသိပေးကြေညာခြင်း” ဆိုင်းပုဒ်များအားနေပြည်တော်ရှိ မြို့နယ်များ အတွင်းက လူစည်ကားရာနေရာများနှင့် အများပြည်သူနှင့် ဆိုင်သောနေရာများတွင် စိုက်ထူမှုများပြုလုပ်နေကြသည်။

အဆိုပါအသိပညာပေးမြေစိုက်ဘုတ်တွင် အသက် (၁၆)နှစ်နှင့်အထက် အကျုံးဝင်သူ များအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ရုံးတွင်ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာ များတွင် တစ်အိမ်တက်ဆင်း ဆောက်ရွက်ပေးခြင်းများအား (၃-၅-၂၀၂၁)မှ(၃-၁၁-၂ဝ၂၂) နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေမှုကြောင့် (၁-၄-၂၀၂၂) ရက်နေ့မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာ များအားအသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများအား ခွင့်ပြု တော့မည်မဟုတ်ကြောင်း၊ ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာ ရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာများတွင်လည်းကောင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း၊ တရားဝင်ထုတ်ပေး ထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)အား (၁.၄.၂၀၂၂)ရက်နေ့ နံနက် ၆ နာရီ မှစ၍ပြသစစ်ဆေး ခံရမည်ဖြစ်ကြောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်)အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်းနှင့် ပြည်သူလူထု အားလုံးမှ လိုက်နာဆောင်ရွက်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ အပ်ကြောင်း စသည့်အကြောင်းအရာများပါဝင်သည်ဟုသိရသည်။

Zaw Gyi

ဧၿျပီလ ၁ ရက္ေန႔မွစ၍ ႏိုင္ငံသားကတ္(မွတ္ပုံတင္)အစား ေထာက္ခံစာမ်ားအသုံးျပဳ၍ ခရီးသြားလာျခင္း၊ တည္းခိုေနထိုင္ျခင္းမ်ား ခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္း အသိပညာေပးေျမစိုက္ဘုတ္မ်ား ေနျပည္ေတာ္တြင္စိုက္ထူ

၂၀၂၂ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔မွစ၍ ႏိုင္ငံသားကတ္(မွတ္ပုံတင္)အစား ေထာက္ခံစာမ်ား အသုံးျပဳ၍ ခရီးသြားလာျခင္း၊ တည္းခိုေနထိုင္ျခင္းမ်ား ခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္း “မိဘျပည္ သူမ်ားသို႔အသိေပးေၾကညာျခင္း” ဆိုင္းပုဒ္မ်ားအားေနျပည္ေတာ္ရွိ ၿမိဳ႕နယ္မ်ား အတြင္းက လူစည္ကားရာေနရာမ်ားႏွင့္ အမ်ားျပည္သူႏွင့္ ဆိုင္ေသာေနရာမ်ားတြင္ စိုက္ထူမႈမ်ားျပဳလုပ္ေနၾကသည္။

အဆိုပါအသိပညာေပးေျမစိုက္ဘုတ္တြင္ အသက္ (၁၆)ႏွစ္ႏွင့္အထက္ အက်ဳံးဝင္သူ မ်ားအား ဥပေဒအရ ကိုင္ေဆာင္သင့္သည့္ ကတ္တစ္မ်ိဳးမ်ိဳး ထုတ္ေပးေရးအတြက္ “ပန္းခင္း” စီမံခ်က္ျဖင့္ ႐ုံးတြင္ေဆာင္႐ြက္ေပးျခင္း၊ ကြင္းဆင္းေဆာင္႐ြက္ေပးျခင္း၊ လိုအပ္သည့္ေနရာ မ်ားတြင္ တစ္အိမ္တက္ဆင္း ေဆာက္႐ြက္ေပးျခင္းမ်ားအား (၃-၅-၂၀၂၁)မွ(၃-၁၁-၂ဝ၂၂) ေန႔အထိ ႏိုင္ငံတစ္ဝွမ္းလုံးတြင္ တစ္ၿပိဳင္တည္း ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ေန႔စဥ္ရက္ဆက္ ေဆာင္႐ြက္ေပးေနမႈေၾကာင့္ (၁-၄-၂၀၂၂) ရက္ေန႔မွစ၍ ႏိုင္ငံသားကတ္(မွတ္ပုံတင္)အစား ေထာက္ခံစာ မ်ားအားအသုံးျပဳ၍ ခရီးသြားလာျခင္း၊ တည္းခိုေနထိုင္ျခင္းမ်ားအား ခြင့္ျပဳ ေတာ့မည္မဟုတ္ေၾကာင္း၊ ယခုအခါ လိုအပ္ခ်က္အရ ျပည္သူမ်ားအေနျဖင့္ ခရီးသြားလာ ရာတြင္လည္းေကာင္း၊ တည္းခိုေနထိုင္ရာမ်ားတြင္လည္းေကာင္း ႏိုင္ငံသားကတ္ (မွတ္ပုံတင္) ျပသေဆာင္႐ြက္ရသည့္ လုပ္ငန္းမ်ားတြင္လည္းေကာင္း၊ တရားဝင္ထုတ္ေပး ထားေသာ ႏိုင္ငံသားကတ္ (မွတ္ပုံတင္)အား (၁.၄.၂၀၂၂)ရက္ေန႔ နံနက္ ၆ နာရီ မွစ၍ျပသစစ္ေဆး ခံရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံသားကတ္(မွတ္ပုံတင္)အတု ကိုင္ေဆာင္ျခင္းႏွင့္ ကတ္အပိုထားရွိ ကိုင္ေဆာင္ျခင္းမ်ားသည္ တည္ဆဲဥပေဒမ်ားအရ ျပစ္မႈေျမာက္ပါေၾကာင္းႏွင့္ ျပည္သူလူထု အားလုံးမွ လိုက္နာေဆာင္႐ြက္ေပးရန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ေပးၾကပါရန္ ေမတၱာရပ္ခံ အပ္ေၾကာင္း စသည့္အေၾကာင္းအရာမ်ားပါဝင္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here