သန်လျင်မြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင်ဟောင်းတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
159

သန်လျင်မြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင်ဟောင်းတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊သန်လျင်မြို့နယ်၊ဗိုလ်ချုပ်ကျေးရွာမှ ရပ်ကျေးအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် ဦးထွေးသိန်းသည် မတ် ၂၀ ရက်နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ဦးထွေးသိန်းသည် စက်ဘီးစီးလာစဥ် ပါရမီလမ်းအရောက် အမည်မသိအမျိုးသား ၂ ဦးမှဆိုင်ကယ်ဖြင့်မောင်းနှင်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

“ဦးထွေးသိန်းက ဗိုလ်ချုပ်ကျေးရွာမှာနေတာ အရင်က ရပ်ကွက်ရာအိမ်မှူးဟောင်းတစ်ယောက်ပါ လက်ရှိရာအိမ်မှူးမဟုတ်ပါဘူး ပစ်ခံရတဲ့ဒဏ်ရာတွေနဲ့သေဆုံးခဲ့ပါတယ်”ဟုသန်လျင်မြို့နယ်နေသူတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဟောင်းဦးထွေးသိန်း၏ တင်ပါးနှင့်ခါးတို့တွင်ကျည်ဖောက်ဝင်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်နေရာအနီးမှ ကျည်ခွံအချို့အား လုံခြုံရေးအဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကာ ဦးထွေးသိန်းအား သေနတ်ဖြင့်ပစ်သတ်သွားသူများကို ဖမ်း ဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Zaw Gyi

သန္လ်င္ၿမိဳ႕နယ္တြင္ ရပ္ေက်းအဖြဲ႕ဝင္ေဟာင္းတစ္ဦးေသနတ္ျဖင့္ပစ္သတ္ခံရ

ရန္ကုန္ၿမိဳ႕၊သန္လ်င္ၿမိဳ႕နယ္၊ဗိုလ္ခ်ဳပ္ေက်း႐ြာမွ ရပ္ေက်းအဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္သည့္ ဦးေထြးသိန္းသည္ မတ္ ၂၀ ရက္နံနက္ပိုင္းက ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရသည္ဟု သိရသည္။

ဦးေထြးသိန္းသည္ စက္ဘီးစီးလာစဥ္ ပါရမီလမ္းအေရာက္ အမည္မသိအမ်ိဳးသား ၂ ဦးမွဆိုင္ကယ္ျဖင့္ေမာင္းႏွင္ေရာက္ရွိလာကာ ေသနတ္ျဖင့္ပစ္သတ္ခဲ့ျခင္းျဖစ္သည္။

“ဦးေထြးသိန္းက ဗိုလ္ခ်ဳပ္ေက်း႐ြာမွာေနတာ အရင္က ရပ္ကြက္ရာအိမ္မႉးေဟာင္းတစ္ေယာက္ပါ လက္ရွိရာအိမ္မႉးမဟုတ္ပါဘူး ပစ္ခံရတဲ့ဒဏ္ရာေတြနဲ႔ေသဆုံးခဲ့ပါတယ္”ဟုသန္လ်င္ၿမိဳ႕နယ္ေနသူတစ္ဦးကေျပာသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ရာအိမ္မႉးေဟာင္းဦးေထြးသိန္း၏ တင္ပါးႏွင့္ခါးတို႔တြင္က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိ၍ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ေနရာအနီးမွ က်ည္ခြံအခ်ိဳ႕အား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက သိမ္းဆည္းရမိခဲ့ကာ ဦးေထြးသိန္းအား ေသနတ္ျဖင့္ပစ္သတ္သြားသူမ်ားကို ဖမ္း ဆီးရမိေရးအတြက္ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here