ရန်ကင်းနှင့်ရွှေပြည်သာမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများနှင့် ICE များဖမ်းဆီးရမိခဲ့

0
364

ရန်ကင်းနှင့်ရွှေပြည်သာမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများနှင့် ICE များဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်နှင့်‌ရွှေပြည်သာမြို့နယ်တို့၌ မတ် ၁၉ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီခန့်က ရန်ကင်းမြို့နယ်၊(၂)ရပ်ကွက်၊ဆရာစံလမ်းတွင် လမ်းလျှောက်လာသည့် မြောက်ဥက္ကလာပမြို့နယ်နေ ကိုအောင်နိုင်သူ(၃၈)နှစ်ထံမှ စိတ်ကြွဆေးပြား ၃၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ မွန်းတည့် ၁၂ နာရီခွဲတွင် ကိုအောင်နိုင်သူ နေထိုင်သည့် မြောက်ဥက္ကလာပမြို့ နယ်၊ရွှေပေါက္ကံမြို့သစ်၊ ၁၄) ရပ်ကွက်ခွဲ၊တ ကောင်း(၁)လမ်းနေအိမ်မှ စိတ်ကြွဆေးပြား ၄၂၀၀ ပြားနှင့် ICE အိုက်စ်(အလေးချိန် ၃၅ ဂရမ်) တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထို့အတူ နေ့လည် ၁ နာရီခွဲခန့်တွင်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးတပ်ဖွဲ့ဝင်များက ရွှေပြည်သာမြို့နယ်၊(၂၀)ရပ်ကွက်(သံဒင်း)၊ပေါ်တော်မူလမ်းနေ ကိုတင်ကိုကျော်(၃၃)နှစ်၏ နေအိမ်အားသတင်းအရရှာဖွေရာ ဒေါ်ဝေဝေထွန်း(၆၀) နှစ်အား နေအိမ်အတွင်းမှစိတ်ကြွဆေးပြား ၁၀၇၇၀ ပြားအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ စိတ်ကြွဆေးပြားများရောင်းချသူ ကိုကျော်မြင့်(၃၇)နှစ်အား ရွှေပြည်သာမြို့နယ်၊(၁၉)ရပ် ကွက်၊ဗိုလ်ချုပ်လမ်း၌ နေ့လည် ၃ နာရီတွင်ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများ ၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here