အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ယနေ့စတင်မည်

0
171

(Unicode)

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ယနေ့စတင်မည်

မြန်မာနိုင်ငံကို သုံးရက်ကြာလာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် ယနေ့စတင်မည်ဖြစ်သည်။

ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတာဝန်များကိုပါ ထမ်းဆောင်နေသည့်အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn သည် ခရီးစဉ်အတွင်း နစကဥက္ကဌအပါအဝင် နစကအဖွဲ့ဝင်များ၊အရပ်ဘက်နှင့်နိုင်ငံရေးပါတီအချို့နှင့် တွေ့ဆုံရန်ရှိနေသည်။

မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ဖြေရှင်းရေးအတွက် ကြိုးပမ်းမှု အစိတ်အပိုင်းတခု အနေဖြင့် လာရောက်ခြင်းဖြစ်ကာ အာဆီယံအထူးကိုယ်စားလှယ်၏ ယခုခရီးစဉ်သည် နစကနှင့် အတိုက်အခံများ ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဗီအိုအေသတင်းကလည်းဖော်ပြရေးသားမှတ်ချက်ပြုထားသည်ကိုတွေ့ရသည်။

အာဆီယံခေါင်းဆောင်များနှင့်တွေ့ဆုံစဉ်က ပေးထားသည့် ကတိစကားများဖြစ်သည့် မြန်မာနိုင်ငံတွင် ပစ်ခိုက်တိုက်ခိုက်မှုများ အဆုံးသတ်ရေးဆိုသည့် အချက်အား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn က ပြောဆိုထားသည်။

အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အမှုများရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ကို နစကဘက်က လက်မခံထားပေ။

သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံမှုကိုပါ စီစဉ်ပေးထားကြောင်းသိရသည်။

(Zawgyi)

အာဆီယံအထူးကိုယ္စားလွယ္၏ ျမန္မာခရီးစဥ္ ယေန႔စတင္မည္

ျမန္မာႏိုင္ငံကို သုံးရက္ၾကာလာေရာက္မည့္ အာဆီယံအထူးကိုယ္စားလွယ္၏ ခရီးစဥ္သည္ ယေန႔စတင္မည္ျဖစ္သည္။

ကေမာၻဒီးယားဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးတာဝန္မ်ားကိုပါ ထမ္းေဆာင္ေနသည့္အာဆီယံအထူးကိုယ္စားလွယ္ Prak Sokhonn သည္ ခရီးစဥ္အတြင္း နစကဥကၠဌအပါအဝင္ နစကအဖြဲ႕ဝင္မ်ား၊အရပ္ဘက္ႏွင့္ႏိုင္ငံေရးပါတီအခ်ိဳ႕ႏွင့္ ေတြ႕ဆုံရန္ရွိေနသည္။

ျမန္မာႏိုင္ငံတြင္ ရင္ဆိုင္ေနရသည့္ အက်ပ္အတည္းကို ေျဖရွင္းေရးအတြက္ ႀကိဳးပမ္းမႈ အစိတ္အပိုင္းတခု အေနျဖင့္ လာေရာက္ျခင္းျဖစ္ကာ အာဆီယံအထူးကိုယ္စားလွယ္၏ ယခုခရီးစဥ္သည္ နစကႏွင့္ အတိုက္အခံမ်ား ၾကား ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ စတင္ႏိုင္ရန္ ရည္႐ြယ္ထားသည္ဟု ဗီအိုေအသတင္းကလည္းေဖာ္ျပေရးသားမွတ္ခ်က္ျပဳထားသည္ကိုေတြ႕ရသည္။

အာဆီယံေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံစဥ္က ေပးထားသည့္ ကတိစကားမ်ားျဖစ္သည့္ ျမန္မာႏိုင္ငံတြင္ ပစ္ခိုက္တိုက္ခိုက္မႈမ်ား အဆုံးသတ္ေရးဆိုသည့္ အခ်က္အား ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အေနျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေစလိုေၾကာင္း အာဆီယံ အထူးကိုယ္စားလွယ္ Prak Sokhonn က ေျပာဆိုထားသည္။

အာဆီယံအထူးကိုယ္စားလွယ္၏ ခရီးစဥ္အတြင္း အမႈမ်ားရင္ဆိုင္ေနရသည့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ေတြ႕ဆုံခြင့္ကို နစကဘက္က လက္မခံထားေပ။

သို႔ေသာ္လည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အပါအဝင္ ႏိုင္ငံေရးပါတီမ်ားႏွင့္ေတြ႕ဆုံမႈကိုပါ စီစဥ္ေပးထားေၾကာင္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here