ခင်ပွန်းဖြစ်သူရဲ့ကွယ်လွန်ခြင်း ၄လပြည့်နေ့လေးမှာ သောက်ရေကန်လေးလှူဒါန်းပေးခဲ့တဲ့ ငွေတီဦး

0
333

ခင်ပွန်းဖြစ်သူရဲ့ကွယ်လွန်ခြင်း ၄လပြည့်နေ့လေးမှာ သောက်ရေကန်လေးလှူဒါန်းပေးခဲ့တဲ့ ငွေတီဦး

ငွေတီဦး ကတော့ ခင်ပွန်းဖြစ်သူရဲ့ ကွယ်လွန်ခြင်း ၄လပြည့်နေ့လေးမှာ ခင်ပွန်းဖြစ်သူအတွက်ရည်စူးကာ ဒဂုံဆိပ်ကမ်း မြို့နယ် ၆၉ ရပ်ကွက်က ” သဟပုညကာရီ သီလရှင် ” မှာ သောက်ရေကန်လေးလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်ပုံနဲ့ပတ်သက်ပြီး ငွေတီဦး က” ဒီနေ့လေးလပြည့်ပီ အရမ်းကို လိုအပ်နေတဲ့ နေရာလေးတစ်ခုမှာ ကို့အတွက်ရည်စူးပြီး သောက်ရေကန်လေးလှူခွင့်ရခဲ့တယ်

သီလရှင်ဆရာကြီးက ကို့နာမည်လေး ကဗ္ဗည်းထိုးပေးမယ်တဲ့သက်ကြီးရွယ်အို သီလရှင်ကြီးတွေရော ဆရာလေးတွေအရွယ်စုံရှိတဲ့ကျောင်းမှာ အခက်အခဲဖြစ်ပြီး လိုအပ်နေတဲ့ ရေအလှူရှင် ရသွားလို့ ဆရာကြီးတွေ အရမ်းဝမ်းသာနေကြတယ်ဘာပကာသနမှမပါပဲ လိုတဲ့နေရာကိုဖြည့်ပေးတဲ့အလှူမို့ ကိုသဘောကျကျေနပ်မယ်ထင်ပါတယ်” လို့သူမလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here