မြန်မာနိုင်ငံမှထုတ်လုပ်သည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး Myancopharm အား WHO မှအသိအမှတ်ပြုထားပြီးဖြစ်ဟု စက်မှုဝန်ကြီးဌာနထုတ်ပြန်

0
191

မြန်မာနိုင်ငံမှထုတ်လုပ်သည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး Myancopharm အား WHO မှအသိအမှတ်ပြုထားပြီးဖြစ်ဟု စက်မှုဝန်ကြီးဌာနထုတ်ပြန်

မြန်မာနိုင်ငံ၌ထုတ်လုပ်လျက်ရှိသည့် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး Myancopharm နှင့်ပတ် သက်၍ နစက ၏စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မူရင်း Sinopharm သည် WHO emergency used ရရှိပြီးဖြစ်၍ စက်မှု့ဝန်ကြီးဌာနမှထုတ်လုပ်လျက်ရှိသည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး Myancopharm မှာမြန်မာနိုင်ငံအတွင်းသာဖြစ်ပြီး FDA ခွင့်ပြုချက်တင်ပြ ရယူရန်သာလိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် Sinopharm နှင့်သဘောတူစာချုပ်အရ မြန်မာနိုင်ငံ၌ထုတ်လုပ်လျက်ရှိသည့် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး Myancopharm သည်မြန် မာနိုင်ငံအတွင်းအတွက်သာဖြစ်၍ ပြည်ပသို့တင်ပို့သွားမည်မဟုတ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

အလားတူ ယခင်ကဝယ်ယူခဲ့သည့် Sinopharm ဈေးနှင့်နှိုင်းယှဉ်ပါက dose ၁၀ သန်းအတွက် အမေရိကန်ဒေါ်လာသန်း ၂၀ ခန့် သက်သာမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

စက်မှုဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေး Myancopharm အားကျန်းမာရေးဝန်ကြီး ဌာနမှ ပြည်သူများအားထိုးနှံပေးနိုင်ရန် တစ်နှစ်အတွင်း dose ၁၀ သန်း ထုတ်လုပ်သွားမည်ဖြစ်ပြီး ပြည်ပမှကာကွယ်ဆေးဝယ်ယူမှုသည် ကျန်း မာရေးဝန်ကြီးဌာနနှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Sinopharm CNBG ဆေးဝါးစက်ရုံတို့ပူးပေါင်း၍ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး Myancopharm အားမြန်မာနိုင်ငံ၌ထုတ်လုပ်လျက်ရှိသည်။

Zaw Gyi

ျမန္မာႏိုင္ငံမွထုတ္လုပ္သည့္ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆး Myancopharm အား WHO မွအသိအမွတ္ျပဳထားၿပီးျဖစ္ဟု စက္မႈဝန္ႀကီးဌာနထုတ္ျပန္

ျမန္မာႏိုင္ငံ၌ထုတ္လုပ္လ်က္ရွိသည့္ ကိုဗစ္(၁၉) ေရာဂါကာကြယ္ေဆး Myancopharm ႏွင့္ပတ္ သက္၍ နစက ၏စက္မႈဝန္ႀကီးဌာနမွ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

မူရင္း Sinopharm သည္ WHO emergency used ရရွိၿပီးျဖစ္၍ စက္မႈ႕ဝန္ႀကီးဌာနမွထုတ္လုပ္လ်က္ရွိသည့္ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆး Myancopharm မွာျမန္မာႏိုင္ငံအတြင္းသာျဖစ္ၿပီး FDA ခြင့္ျပဳခ်က္တင္ျပ ရယူရန္သာလိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ Sinopharm ႏွင့္သေဘာတူစာခ်ဳပ္အရ ျမန္မာႏိုင္ငံ၌ထုတ္လုပ္လ်က္ရွိသည့္ ကိုဗစ္(၁၉) ေရာဂါကာကြယ္ေဆး Myancopharm သည္ျမန္ မာႏိုင္ငံအတြင္းအတြက္သာျဖစ္၍ ျပည္ပသို႔တင္ပို႔သြားမည္မဟုတ္ေၾကာင္း စက္မႈဝန္ႀကီးဌာနမွ သိရသည္။

အလားတူ ယခင္ကဝယ္ယူခဲ့သည့္ Sinopharm ေဈးႏွင့္ႏႈိင္းယွဥ္ပါက dose ၁၀ သန္းအတြက္ အေမရိကန္ေဒၚလာသန္း ၂၀ ခန႔္ သက္သာမည္ျဖစ္ေၾကာင္း စက္မႈဝန္ႀကီးဌာနမွ သိရသည္။

စက္မႈဝန္ႀကီးဌာနမွ ကိုဗစ္(၁၉)ေရာဂါကာကြယ္ ေဆး Myancopharm အားက်န္းမာေရးဝန္ႀကီး ဌာနမွ ျပည္သူမ်ားအားထိုးႏွံေပးႏိုင္ရန္ တစ္ႏွစ္အတြင္း dose ၁၀ သန္း ထုတ္လုပ္သြားမည္ျဖစ္ၿပီး ျပည္ပမွကာကြယ္ေဆးဝယ္ယူမႈသည္ က်န္း မာေရးဝန္ႀကီးဌာနႏွင့္သာ တိုက္႐ိုက္သက္ဆိုင္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ စက္မႈဝန္ႀကီးဌာနႏွင့္ တ႐ုတ္ႏိုင္ငံ Sinopharm CNBG ေဆးဝါးစက္႐ုံတို႔ပူးေပါင္း၍ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆး Myancopharm အားျမန္မာႏိုင္ငံ၌ထုတ္လုပ္လ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here