ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ခဲ့ရသည့်အခြေအနေများ အာဆီယံကိုယ်စားလှယ်အားရှင်းပြ

0
56

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ခဲ့ရသည့်အခြေအနေများ အာဆီယံကိုယ်စားလှယ်အားရှင်းပြ

နစဥက္ကဋ္ဌနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn ၊ အာဆီယံ အတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့တွေ့ဆုံရာတွင်နစဥက္ကဋ္ဌက ထိုသို့ရှင်းပြခဲ့ခြင်းဖြစ်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်အား မူရင်းအတိုင်းပြန်လည်ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လူထုဆန္ဒခံယူ၍ အတည်ပြုထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံရေးသဘောထားမတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူအကြမ်းဖက်မှုများ၊ အကြောင်းမဲ့သတ်ဖြတ်မှုများ၊ နိုင်ငံပိုင်အဆောက်အဦများ၊ စာသင်ကျောင်းများ ကိုဖျက်ဆီးမှုများ၊ မိုင်းထောင်ဖောက်ခွဲမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိစေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံတွင် ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခုခရီးစဉ်သည်ပထမဆုံးခြေလှမ်းဖြစ်၍ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် တိုးတက်မှုများရရှိစေရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့် လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နစက တာဝန်ရှိသူများတက်ရောက်ကြပြီး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ စက်မှုသိပ္ပံနည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး H.E. Kitti Setta Pandita Cham Prasidh အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Chhouk Bunna နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

Zaw Gyi

ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ႏွင့္အညီ ႏိုင္ငံေတာ္၏တာဝန္ကို ထမ္းေဆာင္ခဲ့ရသည့္အေျခအေနမ်ား အာဆီယံကိုယ္စားလွယ္အားရွင္းျပ

နစဥကၠ႒ႏွင့္ အာဆီယံအလွည့္က်ဥကၠ႒၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ ကေမာၻဒီးယားႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ H.E. Mr. Prak Sokhonn ၊ အာဆီယံ အတြင္းေရးမႉးခ်ဳပ္ H.E. Dato Lim Jock Hoi တို႔
ေတြ႕ဆုံရာတြင္နစဥကၠ႒က ထိုသို႔ရွင္းျပခဲ့ျခင္းျဖစ္သည္ဟု ယေန႔တြင္ သတင္းထုတ္ျပန္သည္။

သတင္းထုတ္ျပန္ခ်က္အား မူရင္းအတိုင္းျပန္လည္ေဖာ္ျပအပ္ပါသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ၂၀၁၀ ခုႏွစ္မွစ၍ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းခဲ့မႈႏွင့္ ၂၀၂၀ ျပည့္ႏွစ္ပါတီစုံ ဒီကေရစီအေထြေထြ ေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈမ်ား ျဖစ္ေပၚခဲ့မႈေၾကာင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအေနျဖင့္ လူထုဆႏၵခံယူ၍ အတည္ျပဳထား သည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ႏွင့္အညီ ႏိုင္ငံေတာ္၏တာဝန္ကို ထမ္းေဆာင္ခဲ့ရမႈ အေျခအေနမ်ား၊ ႏိုင္ငံေရးသေဘာထားမတိုက္ဆိုင္မႈေၾကာင့္ ျဖစ္ေပၚလာသည့္ ဆႏၵျပမႈမ်ားမွတစ္ဆင့္ ဆူပူအၾကမ္းဖက္မႈမ်ား၊ အေၾကာင္းမဲ့သတ္ျဖတ္မႈမ်ား၊ ႏိုင္ငံပိုင္အေဆာက္အဦမ်ား၊ စာသင္ေက်ာင္းမ်ား ကိုဖ်က္ဆီးမႈမ်ား၊ မိုင္းေထာင္ေဖာက္ခြဲမႈမ်ား ျဖစ္ေပၚခဲ့မႈႏွင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အေနျဖင့္ ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္ လုံၿခဳံေရးအတြက္ ေဆာင္႐ြက္လ်က္ရွိမႈ အေျခအေနမ်ား၊ အာဆီယံ ဘုံသေဘာတူညီခ်က္ (၅) ရပ္အေပၚ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနမႈ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံရွိ ျပည္သူမ်ားအတြက္ လူသားျခင္းစာနာ ေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား ရရွိေစေရး ေဆာင္႐ြက္လ်က္ရွိမႈ အေျခအေနမ်ား၊ အာဆီယံတြင္ ပူးေပါင္းေဆာင္႐ြက္ မႈျမႇင့္တင္ေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ယခုခရီးစဥ္သည္ပထမဆုံးေျခလွမ္းျဖစ္၍ ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွတစ္ဆင့္ တိုးတက္မႈမ်ားရရွိေစေရးတို႔ႏွင့္စပ္လ်ဥ္း၍ ရင္းႏွီးပြင့္ လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ နစက တာဝန္ရွိသူမ်ားတက္ေရာက္ၾကၿပီး အာဆီယံ အလွည့္က်ဥကၠ႒၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ကေမာၻဒီးယားႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္အတူ စက္မႈသိပၸံနည္းပညာႏွင့္ တီထြင္ဆန္းသစ္မႈဝန္ႀကီး H.E. Kitti Setta Pandita Cham Prasidh အာဆီယံအတြင္းေရးမႉးခ်ဳပ္ H.E. Dato Lim Jock Hoi ဒုတိယဝန္ႀကီးမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ ကေမာၻဒီးယားႏိုင္ငံ သံအမတ္ႀကီး H.E. Mr. Chhouk Bunna ႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကေၾကာင္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here