ဧရာဝတီတိုင်းဒေသကြီးအတွင်း အနီရောင်အဆင့် သတ်မှတ်ထားသော ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့ ပေါင်း ၂၇၀ အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်

0
111

ဧရာဝတီတိုင်းဒေသကြီးအတွင်း အနီရောင်အဆင့် သတ်မှတ်ထားသော ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့ ပေါင်း ၂၇၀ အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယနေ့နံနက်ပိုင်းမှ စတင်၍ အနီရောင်အဆင့် သတ်မှတ်ထားသော ဆိုင်ကလုန်မုန်တိုင်းကြောင့် လူမှုကယ်ဆယ်ရေး အဖွဲ့ပေါင်း ၂၇၀ မှာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုကူညီကယ်ဆယ်ရေး ညီနောင် အဖွဲ့အစည်းပေါင်း ၂၇၀ မှာ ယခင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဋ္ဌာန၏ ထုတ်ပြန်ချက်များကို အချိန်နှင့် တပြေးညီ စောင့်ကြည့်နေကာ၊ လက်ရှိအချိန်တွင် ဟိုင်းကြီးကျွန်း၊ ဂေါ်ရင်ဂျီကျွန်း၊ ငွေဆောင် ၊ချောင်းသာ၊ ငရုတ်ကောင်း၊ မကျီးစင်နှင့် ရခိုင်ပြည်နယ်အစပ် ဘောမိ ကျေးရွာတို့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တပြေးညီ လုပ်ဆောင်နိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုသည်။

““ အခု ဧရာဝတီတိုင်းဒေသကြီး ကမ်းရိုးတန်းတစ်လျှောက်မှာ ကယ်ဆယ်ရေးအဖွဲ့ပေါင်း ၂၇၀ ကျော် အဆင်သင့် အနေအထားနဲ့ စောင့်ကြည်နေပါပြီ။ ဟုတ်ပါတယ် တပ်လှန့်ထားပြီး ဖြစ်ပါတယ်။ လိုအပ်ရင် နောက်ကနေ လူအင်အား ပစ္စည်းအင်အားတွေပါ ထပ်ဖြည့်ဆည်းဖို့ အသင့်ပြင်ဆင်ထားပါတယ်။ အရေးပေါ်ဆိုင်းကြိုးတွေ၊ ဓားတွေ၊ ပုဆိန်တွေ၊ ဆေးဝါးတွေ အခြားကယ်ဆယ်ရေး ပစ္စည်းတွေကိုပါ အဆင်သင့်ပြင်ဆင်ထားပါတယ်။” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သော ၅နာရီ ဝန်းကျင်အချိန့်မှ စတင်ကာ မိုး/ဇလက မုန်တိုင်းသတင်းနှင့် ပတ်သက်၍ လိမ္မော်ရောင် အဆင့်မှ အနီရောင်အဆင့်သို့ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များဖြစ်သော ပုသိမ်မြို့အပါအဝင် အခြားသောမြိုကများတွင်လည်း လေပြင်းတိုက်ခတ်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက်လည်း အဆင်သင့် ပြင်ဆင်ထားပြိးဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ ယမန်နေ့ ညနေပိုင်းက လပွတ္တာမြို့ပတ်ဝန်ကျင်ရှိ ကျေးရွာများမှ မိသားစုဝင်များကို မြို့ပေါ်ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။

 

Zaw Gyi

ဧရာဝတီတိုင္းေဒသႀကီးအတြင္း အနီေရာင္အဆင့္ သတ္မွတ္ထားေသာ ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ ေပါင္း ၂၇၀ အဆင္သင့္ ျပင္ဆင္ထားၿပီးျဖစ္

ဧရာဝတီတိုင္းေဒသႀကီးအတြင္း ယေန႔နံနက္ပိုင္းမွ စတင္၍ အနီေရာင္အဆင့္ သတ္မွတ္ထားေသာ ဆိုင္ကလုန္မုန္တိုင္းေၾကာင့္ လူမႈကယ္ဆယ္ေရး အဖြဲ႕ေပါင္း ၂၇၀ မွာ ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္အဆင္သင့္ ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း ဧရာဝတီတိုင္းလူမႈကယ္ဆယ္ေရးအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ဧရာဝတီတိုင္းေဒသႀကီးအတြင္း လူမႈကူညီကယ္ဆယ္ေရး ညီေနာင္ အဖြဲ႕အစည္းေပါင္း ၂၇၀ မွာ ယခင္ မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီး႒ာန၏ ထုတ္ျပန္ခ်က္မ်ားကို အခ်ိန္ႏွင့္ တေျပးညီ ေစာင့္ၾကည့္ေနကာ၊ လက္ရွိအခ်ိန္တြင္ ဟိုင္းႀကီးကြၽန္း၊ ေဂၚရင္ဂ်ီကြၽန္း၊ ေငြေဆာင္ ၊ေခ်ာင္းသာ၊ င႐ုတ္ေကာင္း၊ မက်ီးစင္ႏွင့္ ရခိုင္ျပည္နယ္အစပ္ ေဘာမိ ေက်း႐ြာတို႔တြင္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား အခ်ိန္ႏွင့္ တေျပးညီ လုပ္ေဆာင္ႏိုင္ရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ဆိုသည္။

““ အခု ဧရာဝတီတိုင္းေဒသႀကီး ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ ကယ္ဆယ္ေရးအဖြဲ႕ေပါင္း ၂၇၀ ေက်ာ္ အဆင္သင့္ အေနအထားနဲ႔ ေစာင့္ၾကည္ေနပါၿပီ။ ဟုတ္ပါတယ္ တပ္လွန႔္ထားၿပီး ျဖစ္ပါတယ္။ လိုအပ္ရင္ ေနာက္ကေန လူအင္အား ပစၥည္းအင္အားေတြပါ ထပ္ျဖည့္ဆည္းဖို႔ အသင့္ျပင္ဆင္ထားပါတယ္။ အေရးေပၚဆိုင္းႀကိဳးေတြ၊ ဓားေတြ၊ ပုဆိန္ေတြ၊ ေဆးဝါးေတြ အျခားကယ္ဆယ္ေရး ပစၥည္းေတြကိုပါ အဆင္သင့္ျပင္ဆင္ထားပါတယ္။” ဟု ၎က ဆိုသည္။

ၿပီးခဲ့ေသာ ၅နာရီ ဝန္းက်င္အခ်ိန႔္မွ စတင္ကာ မိုး/ဇလက မုန္တိုင္းသတင္းႏွင့္ ပတ္သက္၍ လိေမၼာ္ေရာင္ အဆင့္မွ အနီေရာင္အဆင့္သို႔ သတ္မွတ္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕မ်ားျဖစ္ေသာ ပုသိမ္ၿမိဳ႕အပါအဝင္ အျခားေသာၿမိဳကမ်ားတြင္လည္း ေလျပင္းတိုက္ခတ္လာပါက ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္ရန္အတြက္လည္း အဆင္သင့္ ျပင္ဆင္ထားၿပိးျဖစ္ေၾကာင္း သိရသည္။

ယင္းႏွင့္ ပတ္သက္၍ ယမန္ေန႔ ညေနပိုင္းက လပြတၱာၿမိဳ႕ပတ္ဝန္က်င္ရွိ ေက်း႐ြာမ်ားမွ မိသားစုဝင္မ်ားကို ၿမိဳ႕ေပၚေဘးလြတ္ရာသို႔ ကူညီပို႔ေဆာင္ေပးၿပီးျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here