အနီရောင်အဆင့်ရှိ အားကောင်းသောမုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်သူများ ဘေးလွတ်ရာရှောင်ရှား

0
85

အနီရောင်အဆင့်ရှိ အားကောင်းသောမုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်သူများ ဘေးလွတ်ရာရှောင်ရှား

အနီရောင်အဆင့်ရှိသည့် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) ဝင်ရောက်ချိန်နီးကပ်လာသောကြောင့် ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်နေထိုင်သူများ ဒေသအာဏာပိုင်များ၏ ညွှန်ကြားချက်များ အတိုင်း မုန်တိုင်းဘေးလွတ်ရာ Cyclone Shelter နေရာများ၊ ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့နေကျပြီဖြစ်သည်။

မုန်တိုင်းလမ်းကြောင်းမှာရှိတဲ့ မြို့ရွာများမှ ပြည်သူအားလုံး ဒေသအာဏာပိုင်များ၏ ညွှန်ကြားချက်များအတိုင်း လိုက်ပါဆောင်ရွက်ပေးကြဖို့ ရခိုင်ပြည်နယ်အစိုးရက တိုက်တွန်းနိုးဆော်နေပြီး လက်ရှိတွင် ကျောက်ဖြူမြို့ဒေသခံပြည်သူများ၊ ရမ်းဗြဲမြို့ဒေသခံပြည်သူများသည် မုန်တိုင်းဘေးလွတ်ရာ Cyclone Shelter နေရာများ၊ ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့နေကျပြီသည်။

စစ်တွေမြို့၊ အုန်းတောချေ IDP Camp မှနေအိမ်မလုံခြုံသော IDP များအား‌အုန်းတောကြီးတောင် cyclone shelter ဘေးလွတ်ရာနေရာသို့ပြောင်းရွှေ့နေကြသကဲ့သို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မုန်တိုင်းသတိပေးချက် အရ ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် ရန်ကုန်-စစ်တွေ လေကြောင်းနှင့် ရန်ကုန်-စစ်တွေ-ကျောက်ဖြူ-သံတွဲ-ရန်ကုန်လေကြောင်းလိုင်းများအား ၂၀၂၂ မတ် ၂၂ ရက်တွင် ခေတ္တရပ်နားထားသည်။

အလားတူ ရေကြောင်းခရီးစဉ်များလည်း ခေတ္တရပ်နားထားသည်ဟု သိရသည်။

ရန်ကုန်တွင်မူ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းလျှက်ရှိနေသည်။

Zaw Gyi

အနီေရာင္အဆင့္ရွိ အားေကာင္းေသာမုန္တိုင္းငယ္ေၾကာင့္ ရခိုင္ျပည္သူမ်ား ေဘးလြတ္ရာေရွာင္ရွား

အနီေရာင္အဆင့္ရွိသည့္ အားေကာင္းေသာမုန္တိုင္းငယ္ (Deep Depression) ဝင္ေရာက္ခ်ိန္နီးကပ္လာေသာေၾကာင့္ ရခိုင္ကမ္း႐ိုးတမ္းတစ္ေလွ်ာက္ေနထိုင္သူမ်ား ေဒသအာဏာပိုင္မ်ား၏ ၫႊန္ၾကားခ်က္မ်ား အတိုင္း မုန္တိုင္းေဘးလြတ္ရာ Cyclone Shelter ေနရာမ်ား၊ ကုန္းျမင့္ေနရာမ်ားသို႔ ေျပာင္းေ႐ႊ႕ေနက်ၿပီျဖစ္သည္။

မုန္တိုင္းလမ္းေၾကာင္းမွာရွိတဲ့ ၿမိဳ႕႐ြာမ်ားမွ ျပည္သူအားလုံး ေဒသအာဏာပိုင္မ်ား၏ ၫႊန္ၾကားခ်က္မ်ားအတိုင္း လိုက္ပါေဆာင္႐ြက္ေပးၾကဖို႔ ရခိုင္ျပည္နယ္အစိုးရက တိုက္တြန္းႏိုးေဆာ္ေနၿပီး လက္ရွိတြင္ ေက်ာက္ျဖဴၿမိဳ႕ေဒသခံျပည္သူမ်ား၊ ရမ္းၿဗဲၿမိဳ႕ေဒသခံျပည္သူမ်ားသည္ မုန္တိုင္းေဘးလြတ္ရာ Cyclone Shelter ေနရာမ်ား၊ ကုန္းျမင့္ေနရာမ်ားသို႔ ေျပာင္းေ႐ႊ႕ေနက်ၿပီသည္။

စစ္ေတြၿမိဳ႕၊ အုန္းေတာေခ် IDP Camp မွေနအိမ္မလုံၿခဳံေသာ IDP မ်ားအား‌အုန္းေတာႀကီးေတာင္ cyclone shelter ေဘးလြတ္ရာေနရာသို႔ေျပာင္းေ႐ႊ႕ေနၾကသကဲ့သို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန၏ မုန္တိုင္းသတိေပးခ်က္ အရ ရခိုင္ျပည္နယ္အတြင္း ေျပးဆြဲလ်က္ရွိသည့္ ရန္ကုန္-စစ္ေတြ ေလေၾကာင္းႏွင့္ ရန္ကုန္-စစ္ေတြ-ေက်ာက္ျဖဴ-သံတြဲ-ရန္ကုန္ေလေၾကာင္းလိုင္းမ်ားအား ၂၀၂၂ မတ္ ၂၂ ရက္တြင္ ေခတၱရပ္နားထားသည္။

အလားတူ ေရေၾကာင္းခရီးစဥ္မ်ားလည္း ေခတၱရပ္နားထားသည္ဟု သိရသည္။

ရန္ကုန္တြင္မူ မုန္တိုင္းငယ္အရွိန္ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းလွ်က္ရွိေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here