နေပြည်တော်မြို့နယ်လယ်ဝေးတွင် ညမထွက်ရအမိန့်ကို ည၁၂နာရီအထိ နောက်ဆုတ်ပေး

0
172

(Unicode)

နေပြည်တော်မြို့နယ်လယ်ဝေးတွင် ညမထွက်ရအမိန့်ကို ည၁၂နာရီအထိ နောက်ဆုတ်ပေး

လယ်ဝေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အမိန့်အမှတ်(၂/၂ဝ၂၂) ဖြင့် ၂ဝ၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်ကစပြီး ညမထွက်ရအမိန့်ကို ည၁၂နာရီမှ မနက် ၄နာရီအထိ ပြင်ဆင်သတ်မှတ်ပေးလိုက်သည်ဟု သိရသည်။

နေပြည်တော်ကောင်စီကလည်း လယ်ဝေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၂၁-၃-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည့် အမိန့်စာအား အတည်ပြုကြောင်း ပြန်လည်ဖြေကြားထားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ နယ်နိမိတ်အတွင်း လူ(၅)ဦး သို့မဟုတ် (၅)ဦးထက်ပိုသောသူများသည် လယ်ဝေးမြို့နယ်အတွင်း လမ်းမကြီးများအများပြည်သူသွားလာရာလမ်း ၊ လမ်းသွယ်၊ လမ်းကြားဥယျာဉ် သို့မဟုတ် အများ ပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်လည်း လယ်ဝေးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အထက်ပါအမိန့်စာနှင့်ပင် တားမြစ်ထားသည်။

“ညမထွက်ရအမိန့်ကို ည၁၂နာရီအထိ နောက်ဆုတ်ပေးတာက အဆင်ပြေတယ်။ည ၁၀နာရီအထိက အဆင်မပြေဘူး။အချိန်ကိုကြည့်ပြီး အလုပ်လုပ်နေရတော့ တက္ကစီယာဉ်မောင်းတွေရော၊စားသောက်ဆိုင်တွေရော၊ဈေးရောင်းသူတွေရောအတွက် မကိုက်ဘူး။ရန်ကုန်မှာလည်း ဒီလို ပြင်ဆင်ပေးသင့်တယ်”ဟု ရန်ကုန်မြို့က တက္ကစီယာဉ်မောင်းတစ်ဦးက မှတ်ချက်ပြုသည်။

ည ၁၂ မနက် ၄ ညမထွက်ရအမိန့်က နေပြည်တော် ကောင်စီ ရှစ်မြို့နယ်လုံးကို ထုတ်ပြန်ထားခြင်း ရှိ၊မရှိကိုမူနေပြည်တော်ကောင်စီက အတည်မပြုထားသည့်အတွက် နေပြည်တော်က အခြားမြို့နယ်များ ယခင်အတိုင်းဆက်ရှိနေနိုင်သည်ဟုသိရသည်။

(Zawgyi)

ေနျပည္ေတာ္ၿမိဳ႕နယ္လယ္ေဝးတြင္ ညမထြက္ရအမိန႔္ကို ည၁၂နာရီအထိ ေနာက္ဆုတ္ေပး

လယ္ေဝးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၁၄၄ အရ အမိန႔္အမွတ္(၂/၂ဝ၂၂) ျဖင့္ ၂ဝ၂၂ ခုႏွစ္၊ မတ္လ ၂၁ ရက္ကစၿပီး ညမထြက္ရအမိန႔္ကို ည၁၂နာရီမွ မနက္ ၄နာရီအထိ ျပင္ဆင္သတ္မွတ္ေပးလိုက္သည္ဟု သိရသည္။

ေနျပည္ေတာ္ေကာင္စီကလည္း လယ္ေဝးၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၂၁-၃-၂၀၂၂ ရက္ေန႔တြင္ ထုတ္ျပန္ထားသည့္ အမိန႔္စာအား အတည္ျပဳေၾကာင္း ျပန္လည္ေျဖၾကားထားသည္။

ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ဒကၡိဏခ႐ိုင္၊ လယ္ေဝးၿမိဳ႕နယ္၊ နယ္နိမိတ္အတြင္း လူ(၅)ဦး သို႔မဟုတ္ (၅)ဦးထက္ပိုေသာသူမ်ားသည္ လယ္ေဝးၿမိဳ႕နယ္အတြင္း လမ္းမႀကီးမ်ားအမ်ားျပည္သူသြားလာရာလမ္း ၊ လမ္းသြယ္၊ လမ္းၾကားဥယ်ာဥ္ သို႔မဟုတ္ အမ်ား ျပည္သူႏွင့္ဆိုင္ေသာေနရာမ်ားတြင္ စုေဝးျခင္းမျပဳရန္လည္း လယ္ေဝးအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက အထက္ပါအမိန႔္စာႏွင့္ပင္ တားျမစ္ထားသည္။

“ညမထြက္ရအမိန႔္ကို ည၁၂နာရီအထိ ေနာက္ဆုတ္ေပးတာက အဆင္ေျပတယ္။ည ၁၀နာရီအထိက အဆင္မေျပဘူး။အခ်ိန္ကိုၾကည့္ၿပီး အလုပ္လုပ္ေနရေတာ့ တကၠစီယာဥ္ေမာင္းေတြေရာ၊စားေသာက္ဆိုင္ေတြေရာ၊ေဈးေရာင္းသူေတြေရာအတြက္ မကိုက္ဘူး။ရန္ကုန္မွာလည္း ဒီလို ျပင္ဆင္ေပးသင့္တယ္”ဟု ရန္ကုန္ၿမိဳ႕က တကၠစီယာဥ္ေမာင္းတစ္ဦးက မွတ္ခ်က္ျပဳသည္။

ည ၁၂ မနက္ ၄ ညမထြက္ရအမိန႔္က ေနျပည္ေတာ္ ေကာင္စီ ရွစ္ၿမိဳ႕နယ္လုံးကို ထုတ္ျပန္ထားျခင္း ရွိ၊မရွိကိုမူေနျပည္ေတာ္ေကာင္စီက အတည္မျပဳထားသည့္အတြက္ ေနျပည္ေတာ္က အျခားၿမိဳ႕နယ္မ်ား ယခင္အတိုင္းဆက္ရွိေနႏိုင္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here