အခြေခံပညာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရ

0
152

(Unicode)

အခြေခံပညာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရ

နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အား အထူးတရားရုံးမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားများသမဂ္ဂမှသိရသည်။

ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှ ကိုထွန်းအောင်ကျော်အား မတ် ၂၁ ရက်တွင် နှစ်ရှည်ထောင်ဒဏ်ချ မှတ်ခဲ့ခြင်းဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ်မှထုတ်ပြန်ခဲ့သည်။

ဇဗ္ဗူသီရိမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အား နစက ၏ လုံခြုံရေးအဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊အောက်တို ဘာ ၃ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုထွန်းအောင်ကျော်အား မည်သည့်ပုဒ်မဖြင့်ဖမ်း ဆီး၍ နှစ်ရှည်ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်ကိုမူ ဗကသများအဖွဲ့ချုပ်၏ထုတ်ပြန်ချက်၌ ရေး သားထားခြင်းမရှိပေ။

ကိုထွန်းအောင်ကျော်သည် အသက်(၁၅)နှစ်အ ရွယ်ရှိကာ အခြေခံပညာကျောင်းသားတစ်ဦးဖြစ် ကြောင်း ဗကသများအဖွဲ့ချုပ်မှ ထုတ်ပြန်ရေး သားထားသည်။

(Zawgyi)

အေျခခံပညာေက်ာင္းသားမ်ားသမဂၢဥကၠ႒ ကိုထြန္းေအာင္ေက်ာ္ ေထာင္ဒဏ္ ၇ ႏွစ္ခ်မွတ္ခံရ

ေနျပည္ေတာ္၊ဇဗၺဴသီရိၿမိဳ႕နယ္ အေျခခံပညာေက်ာင္းသားမ်ားသမဂၢဥကၠ႒ ကိုထြန္းေအာင္ေက်ာ္အား အထူးတရား႐ုံးမွ ေထာင္ဒဏ္ ၇ ႏွစ္ခ်မွတ္ခဲ့ေၾကာင္း ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္း သားမ်ားသမဂၢမွသိရသည္။

ဇဗၺဴသီရိၿမိဳ႕နယ္တရား႐ုံးမွ ကိုထြန္းေအာင္ေက်ာ္အား မတ္ ၂၁ ရက္တြင္ ႏွစ္ရွည္ေထာင္ဒဏ္ခ် မွတ္ခဲ့ျခင္းျဖစ္သည္ဟု ဗကသမ်ားအဖြဲ႕ခ်ဳပ္မွထုတ္ျပန္ခဲ့သည္။

ဇဗၺဴသီရိၿမိဳ႕နယ္အေျခခံပညာေက်ာင္းသားမ်ားသမဂၢဥကၠ႒ ကိုထြန္းေအာင္ေက်ာ္အား နစက ၏ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ၂၀၂၁ ခုႏွစ္၊ေအာက္တို ဘာ ၃ ရက္က ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကိုထြန္းေအာင္ေက်ာ္အား မည္သည့္ပုဒ္မျဖင့္ဖမ္း ဆီး၍ ႏွစ္ရွည္ေထာင္ဒဏ္ ၇ ႏွစ္ခ်မွတ္ခဲ့သည္ကိုမူ ဗကသမ်ားအဖြဲ႕ခ်ဳပ္၏ထုတ္ျပန္ခ်က္၌ ေရး သားထားျခင္းမရွိေပ။

ကိုထြန္းေအာင္ေက်ာ္သည္ အသက္(၁၅)ႏွစ္အ ႐ြယ္ရွိကာ အေျခခံပညာေက်ာင္းသားတစ္ဦးျဖစ္ ေၾကာင္း ဗကသမ်ားအဖြဲ႕ခ်ဳပ္မွ ထုတ္ျပန္ေရး သားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here