ထိုင်းနိုင်ငံမြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်လာရောက်လုပ်ဆောင်ရန် ရက်ချိန်းလာယူသူနှင့်လုပ်ကိုင်သူ တစ်ရက်ထဲ ၁၄၀၀နီးပါးရှိ

0
449

(Unicode)

ထိုင်းနိုင်ငံမြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်လာရောက်လုပ်ဆောင်ရန် ရက်ချိန်းလာယူသူနှင့်လုပ်ကိုင်သူ တစ်ရက်ထဲ ၁၄၀၀နီးပါးရှိ

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ မတ်လ ၂၁ရက်က နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် လူကိုယ်တိုင် လာရောက် ရက်ချိန်း (တိုကင်) ရယူသူ ၇၉၂ ဦး၊ တယ်လီဖုန်းမှ တစ်ဆင့် ရက်ချိန်းယူသူ ၁၅၅ ဦး၊ ကိုယ်တိုင် လာရောက် နေ့ချင်းပြီး လုပ်ကိုင်သူ ၄၃၈ ဦး ရှိခဲ့သည်ဟု သံရုံးဘက်က ယနေ့တွင်ပြောဆိုသည်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ရေးကိစ္စနှင့် ပါတ်သတ်ပြီးဆောင်ရွက်ရာတွင် ရဟန်း သံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမာရေး မကောင်း သူများအား ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်လည်းသံရုံးဘက်က ပြောဆိုသည်။

“ နိုင်ငံကူးလက်မှတ် လာရောက်လုပ်ကိုင်သူများအနေဖြင့် ပုံစံအား ပြည့်စုံစွာ ဖြည့်စွက်လာ ခြင်း၊ ဓါတ်ပုံအသင့် ယူဆောင်လာခြင်း၊ လိုအပ်သည့် စာရွက်စာတမ်းများ တွဲဖက်ခြင်း ပြုလုပ်လာ ပါက တစ်ယောက်ချင်းစီအား အချိန်ကုန်သက်သာပြီး မြန်ဆန်စွာ ပြုလုပ်ပေးနိုင်မည် ဖြစ်ပြီး အခြား ပြုလုပ်မည့်သူများကို အကူအညီပြုရာရောက်သည်”ဟု မြန်မာသံရုံးကပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ၂၁ရက်ကလည်း ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနစိတ်ရုံး (Temporary Data Collection Center – TDCC)အား ပြန်လည်ဖွင့်လှစ်ခဲ့သည်။

(Zawgyi)

ထိုင္းႏိုင္ငံျမန္မာသံ႐ုံးတြင္ ႏိုင္ငံကူးလက္မွတ္လာေရာက္လုပ္ေဆာင္ရန္ ရက္ခ်ိန္းလာယူသူႏွင့္လုပ္ကိုင္သူ တစ္ရက္ထဲ ၁၄၀၀နီးပါးရွိ

ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး၌ မတ္လ ၂၁ရက္က ႏိုင္ငံကူးလက္မွတ္ ျပဳလုပ္ရန္ လူကိုယ္တိုင္ လာေရာက္ ရက္ခ်ိန္း (တိုကင္) ရယူသူ ၇၉၂ ဦး၊ တယ္လီဖုန္းမွ တစ္ဆင့္ ရက္ခ်ိန္းယူသူ ၁၅၅ ဦး၊ ကိုယ္တိုင္ လာေရာက္ ေန႔ခ်င္းၿပီး လုပ္ကိုင္သူ ၄၃၈ ဦး ရွိခဲ့သည္ဟု သံ႐ုံးဘက္က ယေန႔တြင္ေျပာဆိုသည္။

ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ေရးကိစၥႏွင့္ ပါတ္သတ္ၿပီးေဆာင္႐ြက္ရာတြင္ ရဟန္း သံဃာမ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ ကိုယ္ဝန္ေဆာင္မိခင္မ်ား၊ က်န္းမာေရး မေကာင္း သူမ်ားအား ဦးစားေပး ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္လည္းသံ႐ုံးဘက္က ေျပာဆိုသည္။

“ ႏိုင္ငံကူးလက္မွတ္ လာေရာက္လုပ္ကိုင္သူမ်ားအေနျဖင့္ ပုံစံအား ျပည့္စုံစြာ ျဖည့္စြက္လာ ျခင္း၊ ဓါတ္ပုံအသင့္ ယူေဆာင္လာျခင္း၊ လိုအပ္သည့္ စာ႐ြက္စာတမ္းမ်ား တြဲဖက္ျခင္း ျပဳလုပ္လာ ပါက တစ္ေယာက္ခ်င္းစီအား အခ်ိန္ကုန္သက္သာၿပီး ျမန္ဆန္စြာ ျပဳလုပ္ေပးႏိုင္မည္ ျဖစ္ၿပီး အျခား ျပဳလုပ္မည့္သူမ်ားကို အကူအညီျပဳရာေရာက္သည္”ဟု ျမန္မာသံ႐ုံးကေျပာဆိုသည္။

ၿပီးခဲ့သည့္ မတ္လ၂၁ရက္ကလည္း ထိုင္းႏိုင္ငံ၊ စမုစခြန္ခ႐ိုင္၊ မဟာခ်ိဳင္ၿမိဳ႕ရွိ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး ဌာနစိတ္႐ုံး (Temporary Data Collection Center – TDCC)အား ျပန္လည္ဖြင့္လွစ္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here