ကျန်းမာရေးဝန်ကြီးဌာနမှ အာဆီယံအတွင်းရေး မှူးချုပ်ရုံးနှင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထောက်ပံ့ရေးကို ဆက်လက်ပူးပေါင်းဆောင်ရွက်မည်

0
170

(Unicode)

ကျန်းမာရေးဝန်ကြီးဌာနမှ အာဆီယံအတွင်းရေး မှူးချုပ်ရုံးနှင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထောက်ပံ့ရေးကို ဆက်လက်ပူးပေါင်းဆောင်ရွက်မည်

ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့်အာဆီယံ အတွင်းရေး မှူးချုပ် H.E Dato Lim Jock Hoi တို့နေပြည်တော် ၌တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

 COVID-19 ASEAN Response Fund မှ မြန်မာနိုင် ငံသို့ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးများ ထောက်ပံ့ပေးမည့်ကိစ္စနှင့် ASEAN AHA Center မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် မြန် မာနိုင်ငံသို့ ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်၍ လူ သားချင်းစာနာထောက်ထားမှုအကူအညီပေးနေသည့်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ AHA Center ၏ပထမအကြိမ်နှင့်ဒုတိယအကြိမ်ထောက်ပံ့မှုမှ အမေရိကန်ဒေါ်လာ ၁၁၈၈၇၄၈ တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုး အစား ၅၀ ကျော် အား ၂၀၂၁ခုနှစ် နိုဝင်ဘာလမှစတင်၍ ဆေးရုံ ၅၈ ရုံနှင့် တိုင်းနှင့်ပြည်နယ် ကျန်း မာရေးဦးစီးဌာန ၁၇ ခုတို့အားဖြန့်ဝေပေးခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့အတူ တတိယ အကြိမ်ထောက်ပံ့မှုအတွက် ပူး ပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး မြန်မာနိုင် ငံတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်(၁၉)ရော ဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများနှင့်ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ၊ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင် ရွက်လျက်ရှိသည့်ကိစ္စများကိုလည်း ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထောက်ပံ့ရေးနှင့်ပတ်သက်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည် ထောင်စုဝန်ကြီးနှင့်အာဆီယံအတွင်းရေးမှူးချုပ်တို့ဆွေးနွေးခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ညွှန် ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံဒုတိယအ တွင်းရေးမှူးချုပ်နှင့်အဆင့်မြင့်အရာရှိကြီးများ၊ ASEAN AHA Center မှတာဝန်ရှိသူများလည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

(Zawgyi)









LEAVE A REPLY

Please enter your comment!
Please enter your name here