ပြေးဆွဲမှုယာယီရပ်နားထားသည့် ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင်ရထားလမ်းပြန်လည်ပြေးဆွဲမည်

0
167

(Unicode)

ပြေးဆွဲမှုယာယီရပ်နားထားသည့် ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင်ရထားလမ်းပြန်လည်ပြေးဆွဲမည်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၀ ရက်မှစ၍ ရထားပြေးဆွဲခြင်း ယာယီရပ်နားထားခဲ့သည့် ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် ရထားလမ်းပိုင်း ၁၄ ဒသမ ၄၆ မိုင်ကို ခရီးသွားပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် ၂၀၂၂ မတ်လထဲတွင် RBE ရထားဖြင့် ပြန်လည်ပြေးဆွဲပေးသွားမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရသည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာခြင်းနှင့် ဒေသခံ ပြည်သူများ၏ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် RBE ရထား ပြန်လည်ပြေးဆွဲ ပေးသွားမည်ဟု သက်ဆိုင်ရာကပြောဆိုထားသည်။

ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် လမ်းပိုင်းပြေးဆွဲမှုမှာ ပြည်တော်သာဘူတာမှ စတင်၍ စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာ၊ ဒါးပိုင်ဘူတာ၊ ပူဂျာဘူတာ၊ မယ်ဇလီကုန်းဘူတာနှင့် ရေချမ်းပြင်ဘူတာများ၌ ဘူတာစဉ်များအလိုက် ရပ်တန့်ပေးသွားမည်ဟုသိရသည်။

ပြေးဆွဲရာတွင် ပြည်တော်သာဘူတာမှ နံနက် ၇ နာရီတွင်ထွက်ခွာ၍ ရေချမ်းပြင်ဘူတာသို့ နံနက် ၈ နာရီ တွင် ရောက်ရှိမည်ဖြစ်သည်။ ရေချမ်းပြင် ဘူတာမှ နံနက် ၁၀ နာရီတွင် ပြန်လည်ထွက်ခွာ၍ ပြည်တော်သာ ဘူတာသို့ နံနက် ၁၁ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး နေ့စဉ် အသွားအပြန် နှစ်ခေါက်ကို မတ် ၂၄ ရက်မှ စတင်၍ ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ထိုသို့ပြန်လည်ပြေးဆွဲနိုင်ရန် RBE စက်ခေါင်းများ ကြံ့ခိုင်ရေးအတွက် စစ်ဆေးပြုပြင်ဆောင်ရွက်ခြင်း၊ ရထားလမ်းပိုင်း သံလမ်းတာပေါင် ရေတိုက်စားမှုပြုပြင်ထိန်းသိမ်းခြင်း၊ ရာသီဥတုဒဏ်ကြောင့် မြေသား တာပေါင်နိမ့်ဆင်းခဲ့သည့် ပေ ၄၀ အရှည် ဇာပူဂျာတံတားကို ဘေလီတံတားထိုး ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။

(Zawgyi)

ေျပးဆြဲမႈယာယီရပ္နားထားသည့္ ျပည္ေတာ္သာ(စစ္ေတြ)-ေရခ်မ္းျပင္ရထားလမ္းျပန္လည္ေျပးဆြဲမည္

ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ေရာဂါျပန႔္ပြားမႈ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီ ၁၀ ရက္မွစ၍ ရထားေျပးဆြဲျခင္း ယာယီရပ္နားထားခဲ့သည့္ ျပည္ေတာ္သာ(စစ္ေတြ)-ေရခ်မ္းျပင္ ရထားလမ္းပိုင္း ၁၄ ဒသမ ၄၆ မိုင္ကို ခရီးသြားျပည္သူမ်ား ခရီးသြားလာမႈ အဆင္ေျပေစေရးအတြက္ ၂၀၂၂ မတ္လထဲတြင္ RBE ရထားျဖင့္ ျပန္လည္ေျပးဆြဲေပးသြားမည္ဟု ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျမန္မာ့မီးရထားမွ သိရသည္။

ယခုအခါ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျပန႔္ပြားမႈ ေလ်ာ့နည္းလာျခင္းႏွင့္ ေဒသခံ ျပည္သူမ်ား၏ ခရီးသြားလာမႈ အဆင္ေျပေစေရးအတြက္ (၇၇)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ကို ဂုဏ္ျပဳ ႀကိဳဆိုေသာအားျဖင့္ RBE ရထား ျပန္လည္ေျပးဆြဲ ေပးသြားမည္ဟု သက္ဆိုင္ရာကေျပာဆိုထားသည္။

ျပည္ေတာ္သာ(စစ္ေတြ)-ေရခ်မ္းျပင္ လမ္းပိုင္းေျပးဆြဲမႈမွာ ျပည္ေတာ္သာဘူတာမွ စတင္၍ စစ္ေတြဘူတာ၊ စစ္ေတြတကၠသိုလ္ဘူတာ၊ ဒါးပိုင္ဘူတာ၊ ပူဂ်ာဘူတာ၊ မယ္ဇလီကုန္းဘူတာႏွင့္ ေရခ်မ္းျပင္ဘူတာမ်ား၌ ဘူတာစဥ္မ်ားအလိုက္ ရပ္တန႔္ေပးသြားမည္ဟုသိရသည္။

ေျပးဆြဲရာတြင္ ျပည္ေတာ္သာဘူတာမွ နံနက္ ၇ နာရီတြင္ထြက္ခြာ၍ ေရခ်မ္းျပင္ဘူတာသို႔ နံနက္ ၈ နာရီ တြင္ ေရာက္ရွိမည္ျဖစ္သည္။ ေရခ်မ္းျပင္ ဘူတာမွ နံနက္ ၁၀ နာရီတြင္ ျပန္လည္ထြက္ခြာ၍ ျပည္ေတာ္သာ ဘူတာသို႔ နံနက္ ၁၁ နာရီတြင္ ေရာက္ရွိမည္ျဖစ္ၿပီး ေန႔စဥ္ အသြားအျပန္ ႏွစ္ေခါက္ကို မတ္ ၂၄ ရက္မွ စတင္၍ ေျပးဆြဲ ေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။

ထိုသို႔ျပန္လည္ေျပးဆြဲႏိုင္ရန္ RBE စက္ေခါင္းမ်ား ႀကံ့ခိုင္ေရးအတြက္ စစ္ေဆးျပဳျပင္ေဆာင္႐ြက္ျခင္း၊ ရထားလမ္းပိုင္း သံလမ္းတာေပါင္ ေရတိုက္စားမႈျပဳျပင္ထိန္းသိမ္းျခင္း၊ ရာသီဥတုဒဏ္ေၾကာင့္ ေျမသား တာေပါင္နိမ့္ဆင္းခဲ့သည့္ ေပ ၄၀ အရွည္ ဇာပူဂ်ာတံတားကို ေဘလီတံတားထိုး ျပန္လည္ျပဳျပင္ျခင္းမ်ား ေဆာင္႐ြက္ၿပီးစီးၿပီ ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here