အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် အချိန်မရ၍ မတွေ့ဆုံခြင်းသာဖြစ်ပြီး၊ နိုင်ငံရေး ပရောဂ မပါဝင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာဆို

0
67

(Unicode)

အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် အချိန်မရ၍ မတွေ့ဆုံခြင်းသာဖြစ်ပြီး၊ နိုင်ငံရေး ပရောဂ မပါဝင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာဆို

အာဆီယံ အထူးကိုယ်စားလှယ်၏ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)နှင့် အချိန်မရ၍ မတွေ့ဆုံခြင်းသာဖြစ်ပြီး၊ မည်သည့် နိုင်ငံရေးပရောဂမှ မပါဝင်ကြောင်း ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

“ ကျွန်တော်တို့ အခုမတွေ့ဖြစ်တာက သူ့အနေနဲ့ အချိန်မရတာကြောင့် မတွေ့ဖြစ်တာပါ။ ပြောပြီးသားပါ အချိန်မရလို့ ပါလို့ ရိုးရိုးသားသားပါဘဲ။ အခြားနိုင်ငံရေး ပရောဂမရှိပါဘူး။ ဆွေးနွေးရမယ့် ကိစ္စတွေကများတယ်ဆိုတော့ သူ့အနေနဲ့ နောက်တစ်ခေါက်မှာ တွေ့ဆုံမယ့် သဘောရှိတယ်။” ဟု ဆိုသည်။

ယနေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေး(၂၆/၂၀၂၂)ကို ထိုင်းနိုင်ငံတွင် မတ်လ ၂၂ ရက်မှ မတ် ၂၃ ရက်အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံအထူးကိုယ်စားလှယ်၏ ပြည်တွင်းခရီးစဉ်ရလဒ်များကို ထည့်သွင်းဆွေးနွေးသွားမည်အပြင် နီပွန်ဖောင်ဒေးရှင်း၏ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးမှုကို လက်ခံရယူရေး ၊ သယ်ယူပို့ဆောင်ရေးနည်းလမ်းများနှင့် ပက်သက်၍လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ယင်း အစည်းအဝေးအပြီးတွင် အာဆီယံအထူးကိုယ်စားလှယ်၏ ပထမအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရလဒ်များကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

ထို့အပြင် လက်ရှိအထွေထွေနိုင်ငံရေး အကျပ်အတည်းဖြေရှင်းရာ၌ နိုင်ငံ တကာအဖွဲ့အစည်းများဖြစ်ကြသော UN၊ အာဆီယံနှင့် အခြားနိုင်ငံတကာ အသိုင်းအဝိုင်းများ၏ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

PPSTအနေဖြင့် ချမှတ်ထားသည့်နိုင်ငံရေး ဦးတည်ချက်အတိုင်းရပ်တည်ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးကို အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲပုံစံအသစ်မှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(Zawgyi)

အာဆီယံ အထူးကိုယ္စားလွယ္အေနျဖင့္ အခ်ိန္မရ၍ မေတြ႕ဆုံျခင္းသာျဖစ္ၿပီး၊ ႏိုင္ငံေရး ပေရာဂ မပါဝင္ေၾကာင္း ဗိုလ္မႉးႀကီး ခြန္ဥကၠာဆို

အာဆီယံ အထူးကိုယ္စားလွယ္၏ ပထမအႀကိမ္ ျမန္မာႏိုင္ငံခရီးစဥ္၌ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST)ႏွင့္ အခ်ိန္မရ၍ မေတြ႕ဆုံျခင္းသာျဖစ္ၿပီး၊ မည္သည့္ ႏိုင္ငံေရးပေရာဂမွ မပါဝင္ေၾကာင္း ပအိုဝ့္အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO) နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာက ဆိုသည္။

“ ကြၽန္ေတာ္တို႔ အခုမေတြ႕ျဖစ္တာက သူ႔အေနနဲ႔ အခ်ိန္မရတာေၾကာင့္ မေတြ႕ျဖစ္တာပါ။ ေျပာၿပီးသားပါ အခ်ိန္မရလို႔ ပါလို႔ ႐ိုး႐ိုးသားသားပါဘဲ။ အျခားႏိုင္ငံေရး ပေရာဂမရွိပါဘူး။ ေဆြးေႏြးရမယ့္ ကိစၥေတြကမ်ားတယ္ဆိုေတာ့ သူ႔အေနနဲ႔ ေနာက္တစ္ေခါက္မွာ ေတြ႕ဆုံမယ့္ သေဘာရွိတယ္။” ဟု ဆိုသည္။

ယေန႔တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕(PPST)အစည္းအေဝး(၂၆/၂၀၂၂)ကို ထိုင္းႏိုင္ငံတြင္ မတ္လ ၂၂ ရက္မွ မတ္ ၂၃ ရက္အထိ ႏွစ္ရက္ၾကာ က်င္းပျပဳလုပ္လွ်က္ရွိေၾကာင္း သိရသည္။

အဆိုပါအစည္းအေဝးတြင္ အာဆီယံအထူးကိုယ္စားလွယ္၏ ျပည္တြင္းခရီးစဥ္ရလဒ္မ်ားကို ထည့္သြင္းေဆြးေႏြးသြားမည္အျပင္ နီပြန္ေဖာင္ေဒးရွင္း၏ လူသားခ်င္းစာနာမႈဆိုင္ရာ အေထာက္အပံ့ေပးမႈကို လက္ခံရယူေရး ၊ သယ္ယူပို႔ေဆာင္ေရးနည္းလမ္းမ်ားႏွင့္ ပက္သက္၍လည္း ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ဆိုသည္။

ယင္း အစည္းအေဝးအၿပီးတြင္ အာဆီယံအထူးကိုယ္စားလွယ္၏ ပထမအႀကိမ္ ျမန္မာႏိုင္ငံ ခရီးစဥ္အတြင္း ရလဒ္မ်ားကို ထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္း ဗိုလ္မႉးႀကီး ခြန္ဥကၠာက ဆိုသည္။

ထို႔အျပင္ လက္ရွိအေထြေထြႏိုင္ငံေရး အက်ပ္အတည္းေျဖရွင္းရာ၌ ႏိုင္ငံ တကာအဖြဲ႕အစည္းမ်ားျဖစ္ၾကေသာ UN၊ အာဆီယံႏွင့္ အျခားႏိုင္ငံတကာ အသိုင္းအဝိုင္းမ်ား၏ ႀကိဳးပမ္းေဆာင္႐ြက္ခ်က္မ်ားအေပၚ လည္း ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္းသိရသည္။

PPSTအေနျဖင့္ ခ်မွတ္ထားသည့္ႏိုင္ငံေရး ဦးတည္ခ်က္အတိုင္းရပ္တည္ၿပီး လက္ရွိႏိုင္ငံေရးအက်ပ္အတည္း ေျဖရွင္းေရးကို အားလုံးပါဝင္ႏိုင္သည့္ ႏိုင္ငံေရးေဆြးေႏြးပြဲပုံစံအသစ္မွတစ္ဆင့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here