တရားမဝင် ငွေလွှဲလုပ်ငန်း( Hundi)အား ထိန်းချုပ်ကွပ်ကဲနိုင်ရေးသင်တန်းပေး

0
232

(Unicode)

တရားမဝင် ငွေလွှဲလုပ်ငန်း( Hundi)အား ထိန်းချုပ်ကွပ်ကဲနိုင်ရေးသင်တန်းပေး

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး သင်တန်းအမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ မတ်လ ၂၁ရက်ကစပြီး သင်တန်းများပေးနေပြီဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဌ၊ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ရရှိထားသော ကုမ္ပဏီများမှ အုပ်ချုပ်မှု ဒါရိုက်တာများပါ သင်တန်းဖွင့်ပွဲအား တက်ရောက်ခဲ့ကြပြီးအခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းက“ မြန်မာနိုင်ငံအတွင်း တရားမဝင် ငွေလွှဲလုပ်ငန်း တစ်နည်းအားဖြင့် Hundi လုပ်ငန်းအား ထိန်းချုပ်ကွပ်ကဲရန်၊ တရားဝင် ငွေလွှဲလမ်းကြောင်းများကို အများပြည်သူများ ပိုမိုအသုံးပြုခြင်းဖြင့် နိုင်ငံတော်အတွက် အခွန်ငွေပိုမိုရရှိစေရန် အရေးကြီးကြောင်း”ပြောဆိုသွားသည်။

နိုင်ငံတွင် တရားမဝင် ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး တရားဝင် ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်ဖွံ့ဖြိုးလာစေရန် ပြည်ပငွေလွှဲ လုပ်ငန်းလိုင်စင် ထုတ်ပေးရေးအတွက် ပြည်ပငွေလွှဲ လုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်း ဆိုင်ရာ စည်းမျဉ်းကို ထုတ်ပြန်ထားပြီးကြောင်းလည်းသိရသည်။

ပြည်ပငွေလွှဲ လုပ်ငန်းလိုင်စင်ရရှိသူများ သာမက လိုင်စင်ဆက်လက် လျှောက်ထားသူများ အနေဖြင့် ငွေလွှဲပြောင်းဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုကိုပေးရာတွင် ငွေကြေး ခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့်သက်ဆိုင်သည့် ဆုံးရှုံး နိုင်ခြေအန္တရာယ်ကိုသိရှိရန်၊ ရှောင်ရှားရန်၊ ကုစားရန်တို့အတွက် သက်ဆိုင်သည့် ဥပဒေများကို သိရှိနားလည်ရန် အရေးကြီးကြောင်းပါ ဗဟိုဘဏ်ဥက္ကဌက မှာကြားသည်။

ယခုသင်တန်းသည် တတိယအကြိမ် သင်တန်းဖြစ်သည်။

အဆိုပါသင်တန်းကို ယနေ့မှ ဧပြီ ၁ ရက်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပြီး သင်တန်းသား စုစုပေါင်း ၇၀ တက်ရောက်ကြကြောင်း သိရသည်။

(Zawgyi)

တရားမဝင္ ေငြလႊဲလုပ္ငန္း( Hundi)အား ထိန္းခ်ဳပ္ကြပ္ကဲႏိုင္ေရးသင္တန္းေပး

ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးႏွင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဆိုင္ရာ ဥပေဒျပ႒ာန္းခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ေရး သင္တန္းအမွတ္စဥ္(၃) ဖြင့္ပြဲအခမ္းအနားကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ရန္ကုန္ဘဏ္ခြဲ၌ မတ္လ ၂၁ရက္ကစၿပီး သင္တန္းမ်ားေပးေနၿပီျဖစ္သည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥကၠ႒ ဦးသန္းညိန္း၊ ဒုတိယဥကၠ႒ ဦးဝင္းေသာ္၊ အထူးစုံစမ္းစစ္ေဆးေရး ဦးစီးဌာနႏွင့္ ေငြေၾကးဆိုင္ရာ စုံစမ္းေထာက္လွမ္းေရးအဖြဲ႕၊ ျမန္မာႏိုင္ငံဘဏ္မ်ားအသင္းဥကၠဌ၊ျပည္ပေငြလႊဲလုပ္ငန္းလိုင္စင္ ရရွိထားေသာ ကုမၸဏီမ်ားမွ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာမ်ားပါ သင္တန္းဖြင့္ပြဲအား တက္ေရာက္ခဲ့ၾကၿပီးအခမ္းအနားတြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥကၠ႒ ဦးသန္းညိန္းက“ ျမန္မာႏိုင္ငံအတြင္း တရားမဝင္ ေငြလႊဲလုပ္ငန္း တစ္နည္းအားျဖင့္ Hundi လုပ္ငန္းအား ထိန္းခ်ဳပ္ကြပ္ကဲရန္၊ တရားဝင္ ေငြလႊဲလမ္းေၾကာင္းမ်ားကို အမ်ားျပည္သူမ်ား ပိုမိုအသုံးျပဳျခင္းျဖင့္ ႏိုင္ငံေတာ္အတြက္ အခြန္ေငြပိုမိုရရွိေစရန္ အေရးႀကီးေၾကာင္း”ေျပာဆိုသြားသည္။

ႏိုင္ငံတြင္ တရားမဝင္ ေငြလႊဲလုပ္ငန္းမ်ား ေလ်ာ့နည္းၿပီး တရားဝင္ ေငြလႊဲလုပ္ငန္းမ်ား ေပၚေပါက္ဖြံ႕ၿဖိဳးလာေစရန္ ျပည္ပေငြလႊဲ လုပ္ငန္းလိုင္စင္ ထုတ္ေပးေရးအတြက္ ျပည္ပေငြလႊဲ လုပ္ငန္းေဆာင္႐ြက္ခြင့္ျပဳျခင္း ဆိုင္ရာ စည္းမ်ဥ္းကို ထုတ္ျပန္ထားၿပီးေၾကာင္းလည္းသိရသည္။

ျပည္ပေငြလႊဲ လုပ္ငန္းလိုင္စင္ရရွိသူမ်ား သာမက လိုင္စင္ဆက္လက္ ေလွ်ာက္ထားသူမ်ား အေနျဖင့္ ေငြလႊဲေျပာင္းေဆာင္႐ြက္ေပးသည့္ ဝန္ေဆာင္မႈကိုေပးရာတြင္ ေငြေၾကး ခဝါခ်မႈႏွင့္အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈႏွင့္သက္ဆိုင္သည့္ ဆုံးရႈံး ႏိုင္ေျခအႏၲရာယ္ကိုသိရွိရန္၊ ေရွာင္ရွားရန္၊ ကုစားရန္တို႔အတြက္ သက္ဆိုင္သည့္ ဥပေဒမ်ားကို သိရွိနားလည္ရန္ အေရးႀကီးေၾကာင္းပါ ဗဟိုဘဏ္ဥကၠဌက မွာၾကားသည္။

ယခုသင္တန္းသည္ တတိယအႀကိမ္ သင္တန္းျဖစ္သည္။

အဆိုပါသင္တန္းကို ယေန႔မွ ဧၿပီ ၁ ရက္အထိ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ရန္ကုန္ဘဏ္ခြဲ၌ ဖြင့္လွစ္သင္ၾကားမည္ ျဖစ္ၿပီး သင္တန္းသား စုစုေပါင္း ၇၀ တက္ေရာက္ၾကေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here