National-ID ခေါ် Smart Card ထုတ်ပေးရေး လုပ်ငန်း ခြေလှမ်းစတင်

0
573

National-ID ခေါ် Smart Card ထုတ်ပေးရေး လုပ်ငန်း ခြေလှမ်းစတင်

e-ID စနစ် အကောင် အထည်ဖော်ရာတွင် Unit-ID ကောက်ယူခြင်းနှင့် National-ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်း (၂) ပိုင်းဖြင့် ဆောင်ရွက်သွားရန် နစကက စီစဉ်နေသည်။

e-ID စနစ်လုပ်ငန်းသည် ယခင်အစိုးရကာလအတွင်းက ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သော်လည်း လုပ်ငန်းများရပ်တန့်နေပြီး ယခုအစိုးရကာလတွင် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်ဟု e-ID စနစ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုသည်။

ယခုကာလအတွင်း Unit-ID ကို စတင်ဆောင်ရွက်ရန် လျာထားထားပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် တိုင်းဒေသကြီး(၃)ခုမှ မြို့နယ် (၈၁) မြို့နယ်ကို ဦးစွာဆောင်ရွက်ရန် လဝကက စီစဉ်လျှက်ရှိနေသည်ဟုသိရသည်။

Unit-ID ကောက်ယူရာတွင် နိုင်ငံအတွင်းရှိ အသက် (၁၀) နှစ်နှင့် အထက် ရှိသူအားလုံးကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic Data) (၆) ချက်ကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) (၃) မျိုးကောက် ယူခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှု အပေါ်မူတည်၍ ယင်းလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားကာ National-ID ခေါ် Smart Card ထုတ်ပေးရေး လုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

ယင်းလုပ်ငန်းစဉ်သည် ကြီးမားကျယ်ပြန့်ပြီး နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်းလည်းသိရသည်။

Zaw Gyi

National-ID ေခၚ Smart Card ထုတ္ေပးေရး လုပ္ငန္း ေျခလွမ္းစတင္

e-ID စနစ္ အေကာင္ အထည္ေဖာ္ရာတြင္ Unit-ID ေကာက္ယူျခင္းႏွင့္ National-ID ေဆာင္႐ြက္ျခင္းဆိုသည့္ အပိုင္း (၂) ပိုင္းျဖင့္ ေဆာင္႐ြက္သြားရန္ နစကက စီစဥ္ေနသည္။

e-ID စနစ္လုပ္ငန္းသည္ ယခင္အစိုးရကာလအတြင္းက ေဆာင္႐ြက္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း လုပ္ငန္းမ်ားရပ္တန႔္ေနၿပီး ယခုအစိုးရကာလတြင္ ဆက္လက္အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ရန္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္ျခင္းျဖစ္သည္ဟု e-ID စနစ္ လုပ္ငန္းေကာ္မတီ ဥကၠ႒၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီက ေျပာဆိုသည္။

ယခုကာလအတြင္း Unit-ID ကို စတင္ေဆာင္႐ြက္ရန္ လ်ာထားထားၿပီး ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္စသည့္ တိုင္းေဒသႀကီး(၃)ခုမွ ၿမိဳ႕နယ္ (၈၁) ၿမိဳ႕နယ္ကို ဦးစြာေဆာင္႐ြက္ရန္ လဝကက စီစဥ္လွ်က္ရွိေနသည္ဟုသိရသည္။

Unit-ID ေကာက္ယူရာတြင္ ႏိုင္ငံအတြင္းရွိ အသက္ (၁၀) ႏွစ္ႏွင့္ အထက္ ရွိသူအားလုံးကို အီလက္ထေရာနစ္စနစ္ျဖင့္ ကိုယ္ေရးအခ်က္အလက္ (Biographic Data) (၆) ခ်က္ေကာက္ယူျခင္းႏွင့္ ဇီဝဆိုင္ရာအခ်က္အလက္ (Biometric Data) (၃) မ်ိဳးေကာက္ ယူျခင္းတို႔ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး လုပ္ငန္းၿပီးစီးမႈ အေပၚမူတည္၍ ယင္းလုပ္ငန္းစဥ္ကို စဥ္ဆက္မျပတ္ေဆာင္႐ြက္သြားကာ National-ID ေခၚ Smart Card ထုတ္ေပးေရး လုပ္ငန္းကို ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ သြားမည္ဟု ျပည္ေထာင္စုဝန္ႀကီးဦးခင္ရီကေျပာသည္။

ယင္းလုပ္ငန္းစဥ္သည္ ႀကီးမားက်ယ္ျပန႔္ၿပီး ႏိုင္ငံေတာ္က အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည့္ e-Government စနစ္၏ အေျခခံအုတ္ျမစ္ျဖစ္ေၾကာင္းလည္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here