ရန်ကုန်တိုင်း၌ ညမထွက်ရအမိန့်အား ည ၁၂ နာရီသို့ပြောင်းလဲသတ်မှတ်

0
139

ရန်ကုန်တိုင်း၌ ညမထွက်ရအမိန့်အား ည ၁၂ နာရီသို့ပြောင်းလဲသတ်မှတ်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၌ ယခင်က ထုတ်ပြန်ထားခဲ့သည့် ည ၁၀ နာရီမှနံနက် ၄ နာရီအထိ ညမထွက်ရအချိန်အား မတ် ၂၃ ရက်မှစတင်၍ ည ၁၂ နာရီမှနံနက် ၄ နာရီသို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

ယခင်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ ည ၁၀ နာ ရီမှနံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အားထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

“ညမထွက်ရအချိန်ကိုဖြေလျော့ပေးလိုက်တာက ကောင်းတယ် ကျွန်တော်တို့ဖက်က မြို့ထဲနဲ့နည်းနည်းလှမ်းတော့ တစ်ခါတစ်လေ အလုပ်ကနေပြန်လာတာနောက်ကြရင် ကားတွေကသိပ်မရှိတော့ဘူး အချိန်မီပြန်ရောက်ရင် လူစုပြီးကားဌားပြန်ရတာတွေရှိတယ် တစ်ချို့ကားသမားတွေကြတော့လည်းမလိုက်ရဲကြတော့ဘူး သူတို့ပြန်ရမယ့်အချိန်ကရှိသေးတယ်လေ အခုလိုအချိန်လျော့ပေးလိုက်တော့ အရင်ထက်စာရင်သွားရတာ အများကြီးတော်သွားတာပေါ့”ဟု ဒဂုံတောင်ပိုင်းမှ ဘုရင့်နောင်ပွဲရုံတွင် အလုပ်လုပ်နေသည့် ကိုမျိုးကျော်ကပြောသည်။

ထိုသို့ ပြင်ဆင်ပြောင်းလဲခဲ့သည့် ညမထွက်ရအမိန့်သည် နောက်ထပ်အမိန့်တစ်စုံတစ်ရာမရမချင်း အတည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊လယ်ဝေးမြို့နယ်တွင်လည်း ညမထွက်ရအမိန့်အား ယခင်ထုတ်ပြန်ထားသည့် ည ၁၀ နာရီမှနံနက် ၄ နာရီအထိအစား မတ် ၂၁ ရက်မှစတင်၍ ည ၁၂ နာရီမှနံနက် ၄ နာရီအချိန်သို့ ပြင်ဆင်သတ်မှတ်ခဲ့သည်။

Zaw Gyi

ရန္ကုန္တိုင္း၌ ညမထြက္ရအမိန္႔အား ည ၁၂ နာရီသို႔ေျပာင္းလဲသတ္မွတ္

ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္မ်ား၌ ယခင္က ထုတ္ျပန္ထားခဲ့သည့္ ည ၁၀ နာရီမွနံနက္ ၄ နာရီအထိ ညမထြက္ရအခ်ိန္အား မတ္ ၂၃ ရက္မွစတင္၍ ည ၁၂ နာရီမွနံနက္ ၄ နာရီသို႔ ေျပာင္းလဲသတ္မွတ္ခဲ့သည္။

ယခင္က ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္မ်ားအား ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ-၁၄၄ အရ ည ၁၀ နာ ရီမွနံနက္ ၄ နာရီအထိ ညမထြက္ရအမိန္႔အားထုတ္ျပန္ထားခဲ့ျခင္းျဖစ္သည္။

“ညမထြက္ရအခ်ိန္ကိုေျဖေလ်ာ့ေပးလိုက္တာက ေကာင္းတယ္ ကြၽန္ေတာ္တို႔ဖက္က ၿမိဳ႕ထဲနဲ႔နည္းနည္းလွမ္းေတာ့ တစ္ခါတစ္ေလ အလုပ္ကေနျပန္လာတာေနာက္ၾကရင္ ကားေတြကသိပ္မရွိေတာ့ဘူး အခ်ိန္မီျပန္ေရာက္ရင္ လူစုၿပီးကားဌားျပန္ရတာေတြရွိတယ္ တစ္ခ်ိဳ႕ကားသမားေတြၾကေတာ့လည္းမလိုက္ရဲၾကေတာ့ဘူး သူတို႔ျပန္ရမယ့္အခ်ိန္ကရွိေသးတယ္ေလ အခုလိုအခ်ိန္ေလ်ာ့ေပးလိုက္ေတာ့ အရင္ထက္စာရင္သြားရတာ အ မ်ားႀကီးေတာ္သြားတာေပါ့”ဟု ဒဂုံေတာင္ပိုင္းမွ ဘုရင့္ေနာင္ပြဲ႐ုံတြင္ အလုပ္လုပ္ေနသည့္ ကိုမ်ိဳးေက်ာ္ကေျပာသည္။

ထိုသို႔ ျပင္ဆင္ေျပာင္းလဲခဲ့သည့္ ညမထြက္ရအမိန္႔သည္ ေနာက္ထပ္အမိန္႔တစ္စုံတစ္ရာမရမခ်င္း အတည္ျဖစ္ေၾကာင္း သိရသည္။

ေနျပည္ေတာ္၊လယ္ေဝးၿမိဳ႕နယ္တြင္လည္း ညမထြက္ရအမိန္႔အား ယခင္ထုတ္ျပန္ထားသည့္ ည ၁၀ နာရီမွနံနက္ ၄ နာရီအထိအစား မတ္ ၂၁ ရက္မွစတင္၍ ည ၁၂ နာရီမွနံနက္ ၄ နာရီအခ်ိန္သို႔ ျပင္ဆင္သတ္မွတ္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here