မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၉ ခုရှိ လူဦးရေ ၂ ထောင်ကျော်အတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေးပစ္စည်းများအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှထောက်ပံ့

0
131

မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၉ ခုရှိ လူဦးရေ ၂ ထောင်ကျော်အတွက် စားနပ်ရိက္ခာနှင့်ကျန်းမာရေးပစ္စည်းများအား မြန်မာနိုင်ငံကြက် ခြေနီအသင်းမှထောက်ပံ့

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်ရှိ လူဦးရေ ၂၁၃၁ ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့်နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ စားနပ်ရိက္ခာနှင့်ကျန်းမာရေးသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများဖြစ်သည့် စားနပ်ရိက္ခာနှင့်အခြား အခြေခံလိုအပ်သည့် ပစ္စည်းများ၊ရေနှင့်သန့်ရှင်းရေးသုံးပစ္စည်းများ၊အရေးပေါ်ငွေသားတို့အား ထောက်ပံ့ပေးခဲ့ပြီး ရွေ့လျားဆေးကုသခန်းဖွင့်လှစ်၍ ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ပြုလုပ်ပေးခဲ့ကြသည်။

မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများ၌ ရောက်ရှိခိုလှုံနေသူများအား နှာခေါင်းစည်း ၅၀ ပါဗူး ၆၀၀ ဗူး၊လက်သန့်ဆေးရည် ၄၁၇ ဗူး၊ဆပ် ပြာခဲ ၆၉၆ တုံး၊ကာပေါ်လစ်ဆပ်ပြာခဲ ၈၀ တောင့်၊နေဗီယာခရင်မ် ၁၂၀၀ ဗူး၊မိသားစုသန့်ရှင်းရေးသုံးပစ္စည်း ၃၀၀ ပုံး၊တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၄၇၀ ပုံး၊အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၆၃၉ ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ အနွေးထည်(ကလေးဝတ်) ၁၆၂ ထည်၊နှာခေါင်းစည်း(ကလေးဝတ်) ၁၃၀ ဗူး၊အရေးပေါ်ကလေးမီးဖွားသုံးပစ္စည်းနှင့်အနှီး ၈၅ ပုံး၊တာပေါ် လင် ၃၀ လိတ်၊နိုင်လွန်ကြိုး ၃၀ ခွေ၊အများသုံးရေစစ်အိုးနှင့်ခုံ ၃၀ စုံ၊ပလပ်စတစ်ပုံး ၂၀ လီတာ ၆၀ ပုံး၊စတီးလက်ဆေးဘေစင် ၃၀ စုံ၊(၂၂) ဂါလံ ရေပုံး ၃၀ ပုံး၊အိမ်သာသန့်ရှင်းရေးသုံးပစ္စည်း ၆၀ စုံတို့ကိုလည်း ထောက်ပံ့ခဲ့သည်။

ထို့ပြင် အစားအစာနှင့်အစားအစာမဟုတ်သည့် ပစ္စည်းများဖြစ်သော ဆန် ၅၀ ကီလို ၃၄၃ အိတ်၊စားဆီ ၁၈၀၀ ပုလင်း၊ဆား ၃၀၀ တို့အပါအဝင် ပစ္စည်း ၂၀ မျိုးတို့အား ဖေဖော်ဝါရီလနှင့်မတ်လတို့၌ ထောင်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ကြက်ခြေနီက အခုဆိုရင်အစားအစာနဲ့ အစားအစာမဟုတ်တဲ့ပစ္စည်းတွေအပြင် ရေကောင်းရေသန့်ရရှိရေး၊သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ငွေသားထောက်ပံ့ခြင်းနဲ့ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ် ရပ်ရွာလူထုရဲ့အမှန်တကယ်လိုအပ်ချက်ကိုဆန်းစစ်ပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင် ရွက်သွားမှာပါ”ဟု MRCS ၏ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းကပြောသည်။

MRCS မှမင်းတပ်မြို့နယ်အတွင်းရှိ အလိုအပ်ဆုံးအိမ်ထောင်စု ၃၀၇ စုအတွက် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့်(ငွေကျပ် ၆၁၄ သိန်း)အား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ မင်းတပ်မြို့နယ်တွင် အသက်ရှုအကူစက်ကိရိယာ(Ventilator)၊တစ်ကိုယ်ရည်ကာ ကွယ်ရေးဝတ်စုံ၊လက်အိတ်များ၊ကိုဗစ်(၁၉) ရောဂါရှာဖွေသည့် ပစ္စည်း၊ ဆေးထိုးအပ်များနှင့် အထောက်အကူပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

Zaw Gyi

မင္းတပ္ၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္စခန္း ၉ ခုရွိ လူဦးေရ ၂ ေထာင္ေက်ာ္အတြက္ စားနပ္ရိကၡာႏွင့္က်န္းမာေရးပစၥည္းမ်ားအား ျမန္မာႏိုင္ငံၾကက္ ေျခနီအသင္းမွေထာက္ပံ့

ခ်င္းျပည္နယ္၊မင္းတပ္ၿမိဳ႕နယ္ရွိ လူဦးေရ ၂၁၃၁ ဦးအတြက္ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းမွ အ ျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ၊အျပည္ျပည္ဆိုင္ရာၾကက္ေျခနီႏွင့္လျခမ္းနီအသင္းမ်ား ဖက္ဒေရးရွင္းႏွင့္ေနာ္ေဝႏိုင္ငံၾကက္ေျခနီအသင္းတို႔ပူးေပါင္း၍ စားနပ္ရိကၡာႏွင့္က်န္းမာေရးသုံးပစၥည္းမ်ားအား ေထာက္ပံ့ေပးအပ္ခဲ့ျခင္းျဖစ္သည္။

အေရးေပၚ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ ရာလုပ္ငန္းမ်ားျဖစ္သည့္ စားနပ္ရိကၡာႏွင့္အျခား အေျခခံလိုအပ္သည့္ ပစၥည္းမ်ား၊ေရႏွင့္သန္႔ရွင္းေရးသုံးပစၥည္းမ်ား၊အေရးေပၚေငြသားတို႔အား ေထာက္ပံ့ေပးခဲ့ၿပီး ေ႐ြ႕လ်ားေဆးကုသခန္းဖြင့္လွစ္၍ ပဏာမက်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကိုလည္း ျပဳလုပ္ေပးခဲ့ၾကသည္။

မင္းတပ္ၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္စခန္းမ်ား၌ ေရာက္ရွိခိုလႈံေနသူမ်ားအား ႏွာေခါင္းစည္း ၅၀ ပါဗူး ၆၀၀ ဗူး၊လက္သန္႔ေဆးရည္ ၄၁၇ ဗူး၊ဆပ္ ျပာခဲ ၆၉၆ တုံး၊ကာေပၚလစ္ဆပ္ျပာခဲ ၈၀ ေတာင့္၊ေနဗီယာခရင္မ္ ၁၂၀၀ ဗူး၊မိသားစုသန္႔ရွင္းေရးသုံးပစၥည္း ၃၀၀ ပုံး၊တစ္ကိုယ္ရည္သန္႔ရွင္းေရးသုံးပစၥည္း ၄၇၀ ပုံး၊အမ်ိဳးသမီးတစ္ကိုယ္ရည္သန္႔ရွင္းေရးသုံးပစၥည္း ၆၃၉ ပုံးတို႔အား ေထာက္ပံ့ေပးအပ္ခဲ့သည္။

အလားတူ အေႏြးထည္(ကေလးဝတ္) ၁၆၂ ထည္၊ႏွာေခါင္းစည္း(ကေလးဝတ္) ၁၃၀ ဗူး၊အေရးေပၚကေလးမီးဖြားသုံးပစၥည္းႏွင့္အႏွီး ၈၅ ပုံး၊တာေပၚ လင္ ၃၀ လိတ္၊ႏိုင္လြန္ႀကိဳး ၃၀ ေခြ၊အမ်ားသုံးေရစစ္အိုးႏွင့္ခုံ ၃၀ စုံ၊ပလပ္စတစ္ပုံး ၂၀ လီတာ ၆၀ ပုံး၊စတီးလက္ေဆးေဘစင္ ၃၀ စုံ၊(၂၂) ဂါလံ ေရပုံး ၃၀ ပုံး၊အိမ္သာသန္႔ရွင္းေရးသုံးပစၥည္း ၆၀ စုံတို႔ကိုလည္း ေထာက္ပံ့ခဲ့သည္။

ထို႔ျပင္ အစားအစာႏွင့္အစားအစာမဟုတ္သည့္ ပစၥည္းမ်ားျဖစ္ေသာ ဆန္ ၅၀ ကီလို ၃၄၃ အိတ္၊စားဆီ ၁၈၀၀ ပုလင္း၊ဆား ၃၀၀ တို႔အပါအဝင္ ပစၥည္း ၂၀ မ်ိဳးတို႔အား ေဖေဖာ္ဝါရီလႏွင့္မတ္လတို႔၌ ေထာင္ပံ့ေပးအပ္ခဲ့ျခင္းျဖစ္သည္။

“ကြၽန္မတို႔ၾကက္ေျခနီက အခုဆိုရင္အစားအစာနဲ႔ အစားအစာမဟုတ္တဲ့ပစၥည္းေတြအျပင္ ေရေကာင္းေရသန႔္ရရွိေရး၊သန္႔ရွင္းေရးသုံးပစၥည္းေတြ၊ေငြသားေထာက္ပံ့ျခင္းနဲ႔ပဏာမက်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းေတြကို လုပ္ေဆာင္ေနပါတယ္ ရပ္႐ြာလူထုရဲ႕အမွန္တကယ္လိုအပ္ခ်က္ကိုဆန္းစစ္ၿပီး အတတ္ႏိုင္ဆုံး ျဖည့္ဆည္းေဆာင္ ႐ြက္သြားမွာပါ”ဟု MRCS ၏ ၫႊန္ၾကားေရးမႉး ေဒၚေအးေအးၿငိမ္းကေျပာသည္။

MRCS မွမင္းတပ္ၿမိဳ႕နယ္အတြင္းရွိ အလိုအပ္ဆုံးအိမ္ေထာင္စု ၃၀၇ စုအတြက္ အိမ္ေထာင္စု ၁ စုလွ်င္ ေငြက်ပ္ ၂ သိန္းႏႈန္းျဖင့္(ေငြက်ပ္ ၆၁၄ သိန္း)အား ေထာက္ပံ့ေပးအပ္ခဲ့သည္။

ထို႔အတူ မင္းတပ္ၿမိဳ႕နယ္တြင္ အသက္ရႈအကူစက္ကိရိယာ(Ventilator)၊တစ္ကိုယ္ရည္ကာ ကြယ္ေရးဝတ္စုံ၊လက္အိတ္မ်ား၊ကိုဗစ္(၁၉) ေရာဂါရွာေဖြသည့္ ပစၥည္း၊ ေဆးထိုးအပ္မ်ားႏွင့္ အေထာက္အကူပစၥည္းမ်ားအား ေထာက္ပံ့ေပးအပ္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here