ဧရာဝတီတိုင်းတွင် မတ် ၂၅ ရက်၌စာမေးပွဲများပြန်လည်ဖြေဆိုရမည်
ဧရာဝတီတိုင်းအတွင်းရှိ အခြေခံပညာစာသင် ကျောင်းများ၏ ဖြေဆိုနေဆဲစာမေးပွဲများအား မုန်တိုင်းတိုက်ခတ်၍ မတ် ၂၂ ရက်မှစတင်၍ ယာယီရပ်နားခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ပုသိမ်မှ သိရသည်။
ထိုသို့ ပိတ်ထားရာမှ မုန်တိုင်းတိုက်ခတ်မှုလျော့ နည်းသွားသဖြင့် ဖြေဆိုရန်ကျန်ရှိသည့် ဘာသာ ရပ်နှစ်ခုအား မတ် ၂၅ ရက်နှင့် ၂၆ ရက်တို့၌ ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ဖြေဆိုရာတွင် ပုံမှန်အချိန်များအတိုင်း ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ပုသိမ်မှ သိရသည်။
“မုန်တိုင်းအခြေအနေကတော့ အေးအေးဆေး ဆေးဖြစ်သွားပြီ ပျက်စီးမှုအများကြီးမရှိခဲ့ပါဘူး ကျောင်းတွေပိတ်ထားခဲ့တတဲ့အတွက် ကလေးတွေအတွက်စိတ်အေးခဲ့ရတယ်”ဟုပုသိမ်မြို့နေ ကိုဝေယံစိုးကပြောသည်။
Zaw Gyi