ပခုက္ကူမြို့ရှိ ဧရာဝတီမြစ်အတွင်း ရေနစ်နေသည့် သားအမိ ၃ ဦးအားကယ်တင်ရာမှ ၆ ဦးရေနစ်သေ ဆုံးခဲ့

0
140

ပခုက္ကူမြို့ရှိ ဧရာဝတီမြစ်အတွင်း ရေနစ်နေသည့် သားအမိ ၃ ဦးအားကယ်တင်ရာမှ ၆ ဦးရေနစ်သေ ဆုံးခဲ့

မကွေးတိုင်း၊ပခုက္ကူမြို့၊အမှတ် ၁၃ ရပ်ကွက်ရှိ ဧ ရာဝတီမြစ်၏ သစ်ဖောင်ဆိပ်တွင်မတ် ၂၅ ရက်ညနေပိုင်းက ရေနစ်နေသည့် သားအမိ ၃ ဦးအားကယ်တင်ရာမှ ၆ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူမြို့အခြေစိုက် လူမှုကူညီရေးအသင်းများမှ သိရသည်။

ဧရာဝတီမြစ်၏ သစ်ဖောင်ဆိပ်တွင် ပခုက္ကူမြို့၊အမှတ် ၁၅ ရပ်ကွက်၊ဆင်ပေါက် ၈ လမ်းနေ အမျိုးသမီးတစ်ဦးနှင့်ကလေး ၂ ဦးသည် မြစ်အတွင်းရေဆင်းချိုးရာမှ ရေနစ်ခဲ့ခြင်းဖြစ်သည်။

ရေနစ်နေသည့် သားအမိ ၃ ဦးအား ဖခင်ဖြစ်သူမှ ကယ်တင်စဥ် ဖခင်ဖြစ်သူမှာလည်း ထပ်မံရေနစ်နေ၍ အနီးရှိအမျိုးသား ၂ ဦးကဆင်း၍ကယ်တင်ရာအဆိုပါ အမျိုးသား ၂ ဦးလည်းဆက်လက်ရေ နစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသားနာမည်က ကိုလင်းကျော် သူ့အမျိုး သမီးက မခင်မျိုးဦး ကလေး ၂ နဲ့မြစ်ထဲရေဆင်းချိုးရင် ရေနစ်သွားတာ ကိုလင်းကျော်က ရေခဲ သေတ္တာပြင်တယ် ကျန်တဲ့လူနှစ်ယောက်က သူ့ဆီမှာရေခဲသေတ္တာပြင်တဲ့ ပညာသင်နေတဲ့လူတွေ ၆ ယောက်လုံးရေနစ်ပြီးသေသွားပါတယ် မိသားစုဝင် ၄ ယောက်နဲ့ကူညီပေးတဲ့ ၂ ယောက်ပေါ့”ဟုပခုက္ကူမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်နေခြင်းအား ပတ်ဝန်းကျင်နေသူများနှင့်လူ မှုကူညီရေးအသင်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသဖြင့် အမျိုးသမီးဖြစ်သူအား စတင်ရှာဖွေတွေ့ရှိခဲ့ပြီး ဆေးကုသစဥ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ပထမဆုံး ရေနစ်တဲ့အမျိုးသမီးကိုတွေ့တယ် ကျန်တဲ့ ၅ ယောက်ကိုတော့ ည ၈ နာရီလောက်မှပဲ သေဆုံးရက်ပြန်ပြီး ရှာတွေ့ခဲ့ပါတယ် အဲဒီနေရာတစ်ဝိုက် ခနခန ရေနစ်တတ်တဲ့နေရာဖြစ်ပါတယ် အခုရေနစ်တဲ့နေရာက ရေကျချိန်ရောက်ရင်ရေ သေအိုင်လိုဖြစ်ကျန်ခဲ့တာ”ဟုလူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား ပခုက္ကူမြို့မရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ကာ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းကားများဖြင့် ပခုက္ကူမြို့ပြည်သူ့ဆေး ရုံ ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Zaw Gyi

ပခုကၠဴၿမိဳ႕ရွိ ဧရာဝတီျမစ္အတြင္း ေရနစ္ေနသည့္ သားအမိ ၃ ဦးအားကယ္တင္ရာမွ ၆ ဦးေရနစ္ေသ ဆုံးခဲ့

မေကြးတိုင္း၊ပခုကၠဴၿမိဳ႕၊အမွတ္ ၁၃ ရပ္ကြက္ရွိ ဧ ရာဝတီျမစ္၏ သစ္ေဖာင္ဆိပ္တြင္မတ္ ၂၅ ရက္ညေနပိုင္းက ေရနစ္ေနသည့္ သားအမိ ၃ ဦးအားကယ္တင္ရာမွ ၆ ဦးေသဆုံးခဲ့ေၾကာင္း ပခုကၠဴၿမိဳ႕အေျခစိုက္ လူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

ဧရာဝတီျမစ္၏ သစ္ေဖာင္ဆိပ္တြင္ ပခုကၠဴၿမိဳ႕၊အမွတ္ ၁၅ ရပ္ကြက္၊ဆင္ေပါက္ ၈ လမ္းေန အ မ်ိဳးသမီးတစ္ဦးႏွင့္ကေလး ၂ ဦးသည္ ျမစ္အ တြင္းေရးဆင္းခ်ိဳးရာမွ ေရနစ္ခဲ့ျခင္းျဖစ္သည္။

ေရနစ္ေနသည့္ သားအမိ ၃ ဦးအား ဖခင္ျဖစ္သူမွ ကယ္တင္စဥ္ ဖခင္ျဖစ္သူမွာလည္း ထပ္မံေရနစ္ေန၍ အနီးရွိအမ်ိဳးသား ၂ ဦးကဆင္း၍ကယ္တင္ရာအဆိုပါ အမ်ိဳးသား ၂ ဦးလည္းဆက္လက္ေရ နစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အမ်ိဳးသားနာမည္က ကိုလင္းေက်ာ္ သူ႔အမ်ိဳး သမီးက မခင္မ်ိဳးဦး ကေလး ၂ နဲ႔ျမစ္ထဲေရဆင္းခ်ိဳးရင္ ေရနစ္သြားတာ ကိုလင္းေက်ာ္က ေရခဲ ေသတၱာျပင္တယ္ က်န္တဲ့လူႏွစ္ေယာက္က သူ႔ဆီမွာေရခဲေသတၱာျပင္တဲ့ ပညာသင္ေနတဲ့လူေတြ ၆ ေယာက္လုံးေရနစ္ၿပီးေသသြားပါတယ္ မိသားစုဝင္ ၄ ေယာက္နဲ႔ကူညီေပးတဲ့ ၂ ေယာက္ေပါ့”ဟုပခုကၠဴၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

ေရနစ္ေနျခင္းအား ပတ္ဝန္းက်င္ေနသူမ်ားႏွင့္လူ မႈကူညီေရးအသင္းမ်ားမွ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားျပဳလုပ္ခဲ့ၾကသျဖင့္ အမ်ိဳးသမီးျဖစ္သူအား စတင္ရွာေဖြေတြ႕ရွိခဲ့ၿပီး ေဆးကုသစဥ္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ပထမဆုံး ေရနစ္တဲ့အမ်ိဳးသမီးကိုေတြ႕တယ္ က်န္တဲ့ ၅ ေယာက္ကိုေတာ့ ည ၈ နာရီေလာက္မွပဲ ေသဆုံးရက္ျပန္ၿပီး ရွာေတြ႕ခဲ့ပါတယ္ အဲဒီေနရာတစ္ဝိုက္ ခနခန ေရနစ္တတ္တဲ့ေနရာျဖစ္ပါတယ္ အခုေရနစ္တဲ့ေနရာက ေရက်ခ်ိန္ေရာက္ရင္ေရ ေသအိုင္လိုျဖစ္က်န္ခဲ့တာ”ဟုလူမႈကူညီေရးအ သင္းဝင္တစ္ဦးကေျပာသည္။

ျဖစ္စဥ္အား ပခုကၠဴၿမိဳ႕မရဲစခန္းက ေသမႈေသခင္းဖြင့္လွစ္ကာ ႐ုပ္အေလာင္းမ်ားအား လူမႈကူညီေရးအသင္းကားမ်ားျဖင့္ ပခုကၠဴၿမိဳ႕ျပည္သူ႔ေဆး ႐ုံ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here