ဒုရဲအုပ်ချယ်ရီထက်အားတရားစွဲဆိုထားသည့် အမှုအတွက် လာမည့်ရုံးချိန်း၌ အပြီးသတ်အမိန့်ချမည်

0
163

ဒုရဲအုပ်ချယ်ရီထက်အားတရားစွဲဆိုထားသည့် အမှုအတွက် လာမည့်ရုံးချိန်း၌ အပြီးသတ်အမိန့်ချမည်

ဒုရဲအုပ်ချယ်ရီထက်အား တရားစွဲဆိုထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)အမှုအတွက် အပြီးသတ်အမိန့်အား မတ် ၃၁ ရက်ရုံးချိန်း၌ အ ပြီးသတ်အမိန့်ချမှတ်သွားမည်ဟု ရှေ့နေအသိုင်း အဝိုင်းမှသိရသည်။

အဆိုပါလအမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများမှ မတ် ၂၄ ရက်ရုံးချိန်းတွင် အပြီးသတ်လျှောက် လဲချက်များပေးထားပြီးဖြစ်သည်ဟု သိရသည်။

“ဒုရဲအုပ်ချယ်ရီထက် ကိုယ်တိုင်ကပဲသူ့အမှုကိုအမြန်ပြီးစေချင် အမိန့်ချစေချင်နေပြီ လျှောက်လဲ ချက်လည်းပေးပြီးပြီဆိုတော့ နောက်ရုံးချိန်းမှာအမိန့်ချမယ်လို့သိထားတယ်”ဟုရှေ့နေတစ်ဦးကပြောသည်။

ဒုရဲအုပ်ချယ်ရီထက်၏ တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ ခံပြသက်သေ ၁၁ ဦးအားတင်သွင်းခဲ့ပြီး အချို့မှာတရားရုံးသို့လာရောက်ခဲ့ခြင်းမရှိသည့်အပြင် ကျန်ခံပြသက်သေများအား ဒုရဲအုပ်ချယ်ရီထက်မှ ထပ်မံခေါ်ယူလိုခြင်းမရှိသဖြင့် သက်သေများအား တရားရုံးမှပယ်ချပေးခဲ့ကြောင်း သိရသည်။

ဒုရဲအုပ်ချယ်ရီထက်အား လွှတ်တော်ကိုယ်စား လှယ်ဒေါ်သီရိရတနာနှင့်ဆက်သွယ်ခြင်း၊လူမှုကွန်ယက်စာမျက်နှာပေါ်၌ရေးသားထားခြင်းများပြုလုပ်ခဲ့သဖြင့် နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊စက်တင်ဘာလ၌ နေပြည်တော် ၌ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ရဲဝန်ထမ်းဆိုင်ရာဥပဒေဖြင့် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

Zaw Gyi

ဒုရဲအုပ္ခ်ယ္ရီထက္အားတရားစြဲဆိုထားသည့္ အမႈအတြက္ လာမည့္႐ုံးခ်ိန္း၌ အၿပီးသတ္အမိန္႔ခ်မည္

ဒုရဲအုပ္ခ်ယ္ရီထက္အား တရားစြဲဆိုထားသည့္ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၅၀၅(က)အမႈအတြက္ အၿပီးသတ္အမိန္႔အား မတ္ ၃၁ ရက္႐ုံးခ်ိန္း၌ အ ၿပီးသတ္အမိန္႔ခ်မွတ္သြားမည္ဟု ေရွ႕ေနအသိုင္း အဝိုင္းမွသိရသည္။

အဆိုပါလအမႈႏွင့္ပတ္သက္၍ ႏွစ္ဖက္ေရွ႕ေနမ်ားမွ မတ္ ၂၄ ရက္႐ုံးခ်ိန္းတြင္ အၿပီးသတ္ေလွ်ာက္ လဲခ်က္မ်ားေပးထားၿပီးျဖစ္သည္ဟု သိရသည္။

“ဒုရဲအုပ္ခ်ယ္ရီထက္ ကိုယ္တိုင္ကပဲသူ႔အမႈကိုအျမန္ၿပီးေစခ်င္ အမိန္႔ခ်ေစခ်င္ေနၿပီ ေလွ်ာက္လဲ ခ်က္လည္းေပးၿပီးၿပီဆိုေတာ့ ေနာက္႐ုံးခ်ိန္းမွာအမိန္႔ခ်မယ္လို႔သိထားတယ္”ဟုေရွ႕ေနတစ္ဦးကေျပာသည္။

ဒုရဲအုပ္ခ်ယ္ရီထက္၏ တရားစြဲဆိုထားသည့္အမႈႏွင့္ပတ္သက္၍ ခံျပသက္ေသ ၁၁ ဦးအားတင္သြင္းခဲ့ၿပီး အခ်ိဳ႕မွာတရား႐ုံးသို႔လာေရာက္ခဲ့ျခင္းမရွိသည့္အျပင္ က်န္ခံျပသက္ေသမ်ားအား ဒုရဲအုပ္ခ်ယ္ရီထက္မွ ထပ္မံေခၚယူလိုျခင္းမရွိသျဖင့္ သက္ေသမ်ားအား တရား႐ုံးမွပယ္ခ်ေပးခဲ့ေၾကာင္း သိရသည္။

ဒုရဲအုပ္ခ်ယ္ရီထက္အား လႊတ္ေတာ္ကိုယ္စား လွယ္ေဒၚသီရိရတနာႏွင့္ဆက္သြယ္ျခင္း၊လူမႈကြန္ယက္စာမ်က္ႏွာေပၚ၌ေရးသားထားျခင္းမ်ားျပဳလုပ္ခဲ့သျဖင့္ နစက ၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ၂၀၂၁ ခုႏွစ္၊စက္တင္ဘာလ၌ ေနျပည္ေတာ္ ၌ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ဖမ္းဆီးၿပီးေနာက္ ရဲဝန္ထမ္းဆိုင္ရာဥပေဒျဖင့္ ၂၀၂၂ ခုႏွစ္၊ဇန္နဝါရီလတြင္ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here