NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများဘက်မှ အဆိုပြု တင်ပြထားသည့်အချက်များအပေါ် နိုင်ငံတော်ဘက်မှ အတတ်နိုင်ဆုံး လိုက်လျော ဆောင်ရွက်ပေးနိုင်မည့်အချက်များအား ပြုစုကြမည့် အဖွဲ့တစ်ရပ် ဖွဲ့စည်း

0
118

NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများဘက်မှ အဆိုပြု တင်ပြထားသည့်အချက်များအပေါ် နိုင်ငံတော်ဘက်မှ အတတ်နိုင်ဆုံး လိုက်လျော ဆောင်ရွက်ပေးနိုင်မည့်အချက်များအား ပြုစုကြမည့် အဖွဲ့တစ်ရပ် ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အပါအဝင်ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁/၂) ပါ သဘောတူညီချက်များ၊ ဆက်လက်ဆွေးနွေးရမည့်အစိတ်အပိုင်း (၃) ဇယား (၂) ပါ အချက်များနှင့်ပတ်သက်၍လေ့လာဆန်းစစ်ဖော်ထုတ်ပြုစုတင်ပြရေးအဖွဲ့ ကို နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က လက်မှတ်ရေးထိုးပြီးဖွဲ့စည်းလိုက်ပြီဟု ထုတ်ပြန်ချက်များအရသိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်ဦးစီးပြီး ဗိုလ်ချုပ် တောက်ထွန်း၊ ဗိုလ်ချုပ် စိုးနိုင်ဦး၊ဗိုလ်မှူးကြီး အောင်ခင်သိန်း၊ ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတို့ ပါသည့် အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများတွင် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁/၂/၃) တို့သည် NCA သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်လည်းကောင်း၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်လည်းကောင်း ကိုက်ညီမှု ရှိ မရှိဆန်းစစ်လေ့လာသွားရန်နှင့် ကိုက်ညီမှုမရှိပါက မည်သို့လုပ်ဆောင်ရန်၊ သဘောတူစာချုပ်အစိတ်အပိုင်း(၃) ပါ ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည့်ဇယား (၂)နှင့်ပတ်သက်၍NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများဘက်မှ အဆိုပြု တင်ပြထားသည့်အချက်များအပေါ် နိုင်ငံတော်အစိုးရဘက်မှ အတတ်နိုင်ဆုံးလိုက်လျော ဆောင်ရွက်ပေးနိုင်မည့်အချက်များ ပြုစုရန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ဒီမိုကရေစီနှင့်လည်းကောင်း၊ ဖက်ဒရယ်စနစ်နှင့်လည်းကောင်း ကိုက်ညီမှုမရှိသည့်အချက်/ပုဒ်မများကို လေ့လာ ဖော်ထုတ်၍ နိုင်ငံရေးဆွေးနွေးပွဲရလဒ်များအရ အနာဂတ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်သည့် အချက်ပုဒ်မများပြုစုရန် စသည်တို့ကို ဆောင်ရွက်ကြမည်ဖြစ်သည်။

၎င်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ဇယား (၁)/(၂)/(၃)/(၅) တို့တွင်ပါရှိသော ဥပဒေပြု စာရင်းများကို အသေးစိတ်လေ့လာပြီး လိုအပ်သည့်အကြံပြုချက်များ ပြုစုရေးသားကြရန်လည်း ရှိနေသည်။

အဆိုပါအဖွဲ့အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများ၏ ဖွဲ့စည်းတည်ဆောက်မှုများအား လေ့လာပြီးအကြံပြုချက်ရေးသားပြုစုရေးအဖွဲ့တစ်ဖွဲ့ကိုပါ ဖွဲ့စည်းထားသည်ဟု ထုတ်ပြန်ချက်များအရသိရသည်။

အဆိုပါအဖွဲ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေးအတွက် ကမ္ဘာပေါ်ရှိ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံများ၏ ဖွဲ့စည်းတည်ဆောက်မှုများအား လေ့လာပြီး အကြံပြုချက်ရေးသားပြုစုနိုင်ရန် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ခေါင်းဆောင်သည့် ဗိုလ်ချုပ် တင်မောင်ဝင်း၊ဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ဗိုလ်မှူး နေဟိန်းတို့အဖွဲ့ဖြစ်သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံများ၏ ဖွဲ့စည်းတည်ဆောက်မှုများအား လေ့လာပြီး အကြံပြုချက်ရေးသားပြုစုရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အိန္ဒိယသမ္မတနိုင်ငံ၊ ဩစတြေးလျနိုင်ငံနှင့် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေများအား လေ့လာဆန်းစစ်ရန်၊ လေ့လာတွေ့ရှိချက်များအနက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ၏ အာဏာခွဲဝေမှုများ၊ပြည်နယ်များတွင် အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းမှုစနစ်၊ လွှတ်တော်အဆင့်ဆင့် ဖွဲ့စည်းထားရှိမှုများအားအသေးစိတ်ပြုစုရန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကိုက်ညီနိုင်သည့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား အာဏာခွဲဝေနိုင်မည့် နည်းလမ်းများ၊ လွှတ်တော်အဆင့်ဆင့် ဖွဲ့စည်းနိုင်မည့် အနေအထားများကို (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံနှင့်ချိန်ထိုး၍ အကြံပြုရေးသားပြုစုတင်ပြရန်တို့ ဖြစ်ကြောင်းသိရသည်။

Zaw Gyi

NCA လက္မွတ္ေရးထိုးၿပီးျဖစ္သည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အစည္းမ်ားဘက္မွ အဆိုျပဳ တင္ျပထားသည့္အခ်က္မ်ားအေပၚ ႏိုင္ငံေတာ္ဘက္မွ အတတ္ႏိုင္ဆုံးလိုက္ေလ်ာ ေဆာင္႐ြက္ေပးႏိုင္မည့္အခ်က္မ်ားအား ျပဳစုၾကမည့္ အဖြဲ႕တစ္ရပ္ ဖြဲ႕စည္း

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) အပါအဝင္ျပည္ေထာင္စုသေဘာတူစာခ်ဳပ္အစိတ္အပိုင္း (၁/၂) ပါ သေဘာတူညီခ်က္မ်ား၊ ဆက္လက္ေဆြးေႏြးရမည့္အစိတ္အပိုင္း (၃) ဇယား (၂) ပါ အခ်က္မ်ားႏွင့္ပတ္သက္၍ေလ့လာဆန္းစစ္ေဖာ္ထုတ္ျပဳစုတင္ျပေရးအဖြဲ႕ ကို နစကအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး က လက္မွတ္ေရးထိုးၿပီးဖြဲ႕စည္းလိုက္ၿပီဟု ထုတ္ျပန္ခ်က္မ်ားအရသိရသည္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဝင္းဗိုလ္ရွိန္ဦးစီးၿပီး ဗိုလ္ခ်ဳပ္ ေတာက္ထြန္း၊ ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦး၊ဗိုလ္မႉးႀကီး ေအာင္ခင္သိန္း၊ ဗိုလ္မႉးႀကီး ဝဏၰေအာင္၊ဥပေဒေရးရာဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးတို႔ ပါသည့္ အဖြဲ႕ကို ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး အဆိုပါအဖြဲ႕သည္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံမ်ားတြင္ ႏိုင္ငံေတာ္အစိုးရႏွင့္ NCA လက္မွတ္ေရးထိုးထားေသာတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေရးပါတီမ်ား သေဘာတူလက္မွတ္ေရးထိုးခဲ့ၿပီး ျဖစ္သည့္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္အစိတ္အပိုင္း (၁/၂/၃) တို႔သည္ NCA သေဘာတူစာခ်ဳပ္ပါ ျပ႒ာန္းခ်က္မ်ားႏွင့္လည္းေကာင္း၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ႏွင့္လည္းေကာင္း၊ တည္ဆဲဥပေဒ၊ နည္းဥပေဒမ်ားႏွင့္လည္းေကာင္း ကိုက္ညီမႈ ရွိ မရွိဆန္းစစ္ေလ့လာသြားရန္ႏွင့္ ကိုက္ညီမႈမရွိပါက မည္သို႔လုပ္ေဆာင္ရန္၊ သေဘာတူစာခ်ဳပ္အစိတ္အပိုင္း(၃) ပါ ဆက္လက္ေဆြးေႏြးရန္က်န္ရွိသည့္ဇယား (၂)ႏွင့္ပတ္သက္၍NCA လက္မွတ္ေရးထိုးၿပီးျဖစ္သည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အစည္းမ်ားဘက္မွ အဆိုျပဳ တင္ျပထားသည့္အခ်က္မ်ားအေပၚ ႏိုင္ငံေတာ္အစိုးရဘက္မွ အတတ္ႏိုင္ဆုံးလိုက္ေလ်ာ ေဆာင္႐ြက္ေပးႏိုင္မည့္အခ်က္မ်ား ျပဳစုရန္၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) တြင္ ဒီမိုကေရစီႏွင့္လည္းေကာင္း၊ ဖက္ဒရယ္စနစ္ႏွင့္လည္းေကာင္း ကိုက္ညီမႈမရွိသည့္အခ်က္/ပုဒ္မမ်ားကို ေလ့လာ ေဖာ္ထုတ္၍ ႏိုင္ငံေရးေဆြးေႏြးပြဲရလဒ္မ်ားအရ အနာဂတ္တြင္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ျပင္ဆင္ေဆာင္႐ြက္ရန္လိုအပ္သည့္ အခ်က္ပုဒ္မမ်ားျပဳစုရန္ စသည္တို႔ကို ေဆာင္႐ြက္ၾကမည္ျဖစ္သည္။

၎အျပင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ပါ ဇယား (၁)/(၂)/(၃)/(၅) တို႔တြင္ပါရွိေသာ ဥပေဒျပဳ စာရင္းမ်ားကို အေသးစိတ္ေလ့လာၿပီး လိုအပ္သည့္အႀကံျပဳခ်က္မ်ား ျပဳစုေရးသားၾကရန္လည္း ရွိေနသည္။

အဆိုပါအဖြဲ႕အျပင္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ႏိုင္ေရးအတြက္ ဖက္ဒရယ္ျပည္ေထာင္စုႏိုင္ငံမ်ား၏ ဖြဲ႕စည္းတည္ေဆာက္မႈမ်ားအား ေလ့လာၿပီး
အႀကံျပဳခ်က္ေရးသားျပဳစုေရးအဖြဲ႕တစ္ဖြဲ႕ကိုပါ ဖြဲ႕စည္းထားသည္ဟု ထုတ္ျပန္ခ်က္မ်ားအရသိရသည္။

အဆိုပါအဖြဲ႕မွာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အား ႏိုင္ငံေရးေဆြးေႏြးပြဲရလဒ္မ်ားႏွင့္အညီ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုအျဖစ္ တည္ေဆာက္ႏိုင္ေရးအတြက္ ကမာၻေပၚရွိ ဖက္ဒရယ္ ျပည္ေထာင္စုႏိုင္ငံမ်ား၏ ဖြဲ႕စည္းတည္ေဆာက္မႈမ်ားအား ေလ့လာၿပီး အႀကံျပဳခ်က္ေရးသားျပဳစုႏိုင္ရန္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအးဝင္း ေခါင္းေဆာင္သည့္ ဗိုလ္ခ်ဳပ္ တင္ေမာင္ဝင္း၊ဗိုလ္မႉးႀကီး ေအာင္ေက်ာ္ထြန္း၊ဗိုလ္မႉး ေနဟိန္းတို႔အဖြဲ႕ျဖစ္သည္။

ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ႏိုင္ေရးအတြက္ ဖက္ဒရယ္ ျပည္ေထာင္စုႏိုင္ငံမ်ား၏ ဖြဲ႕စည္းတည္ေဆာက္မႈမ်ားအား ေလ့လာၿပီး အႀကံျပဳခ်က္ေရးသားျပဳစုေရးအဖြဲ႕၏ လုပ္ငန္းတာဝန္မ်ားမွာ အိႏၵိယသမၼတႏိုင္ငံ၊ ဩစေၾတးလ်ႏိုင္ငံႏွင့္ နီေပါဖက္ဒရယ္ဒီမိုကရက္တစ္သမၼတႏိုင္ငံတို႔၏ ဖြဲ႕စည္းပုံအေျခခံဥပေဒမ်ားအား ေလ့လာဆန္းစစ္ရန္၊ ေလ့လာေတြ႕ရွိခ်က္မ်ားအနက္ ျပည္ေထာင္စုအစိုးရႏွင့္ ျပည္နယ္အစိုးရမ်ား၏ အာဏာခြဲေဝမႈမ်ား၊ျပည္နယ္မ်ားတြင္ အေျခခံဥပေဒေရးဆြဲျပ႒ာန္းမႈစနစ္၊ လႊတ္ေတာ္အဆင့္ဆင့္ ဖြဲ႕စည္းထားရွိမႈမ်ားအားအေသးစိတ္ျပဳစုရန္၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ႏွင့္ ကိုက္ညီႏိုင္သည့္ ျပည္ေထာင္စုႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္မ်ားအၾကား အာဏာခြဲေဝႏိုင္မည့္ နည္းလမ္းမ်ား၊ လႊတ္ေတာ္အဆင့္ဆင့္ ဖြဲ႕စည္းႏိုင္မည့္ အေနအထားမ်ားကို (၂၀၀၈ ခုႏွစ္) ဖြဲ႕စည္းပုံႏွင့္ခ်ိန္ထိုး၍ အႀကံျပဳေရးသားျပဳစုတင္ျပရန္တို႔ ျဖစ္ေၾကာင္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here