နိုင်ငံရေးအရဖမ်းဆီးထားသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် ပြည်သူပါတီထုတ်ပြန်တောင်းဆို

0
152

နိုင်ငံရေးအရဖမ်းဆီးထားသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် ပြည်သူပါတီထုတ်ပြန်တောင်းဆို

ပြည်သူ့ပါတီ၏ မတ် ၂၄ ရက်နှင့် ၂၅ ရက်တို့ကပြုလုပ်သည့် ပထမအကြိမ် ဗဟိုကော်မတီအ စည်းအဝေး ကျင်းပပြီးနောက် သဘောထားထုတ်ပြန်ချက်၌ ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ပါတီ၏ ထုတ်ပြန်ချက်၌ ပြည်သူ့ပါတီသည် ဒီမိုကရေစီရေး၊ဖက်ဒရယ်ရေး၊လူ့အခွင့် အရေး ယုံကြည်ချက်များအပေါ် ခိုင်မာစွာရပ် တည်လျက်ရှိပြီး နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းရန် အစဉ်တစ်စိုက် ကြိုးပမ်းရုန်းကန်သွားမည်ဟု ရေးသားထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအကြပ်အတည်းအားဖြေရှင်းရာတွင် နစက အနေဖြင့် နိုင်ငံရေးအရ ဖမ်းဆီးထားသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း ထုတ်ပြန်ချက်၌ထည့်သွင်းတောင်းဆိုထားသည်။

အလားတူ အရပ်သားသေဆုံးထိခိုက်မှုများ၊အိုး အိမ်၊ရပ်ရွာပျက်ဆီးမှုများမဖြစ်ပေါ်စေရေးအ တွက် ဘက်အသီးသီးမှရှောင်ရှားကြရန်၊လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီများအား လိုအပ်နေသူများထံ အမြန်ဆုံးရောက်ရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက် တွန်းရေးသားထားသည်။

ထို့အတူ လက်ရှိအကြပ်အတည်းများအား ကျော် လွှားနိုင်ရန်၊အသွင်ကူးပြောင်းရေးကြားကာလသ ဘောတူညီချက်တစ်ခုရရှိနိုင်ရန် နစက နှင့်တိုင်း ရင်းသားနိုင်ငံရေးအင်အားစုများ၊ဒီမိုကရေစီအင် အားစုများ၊နိုင်ငံရေးပါတီများကြား ဆွေးနွေးအ ဖြေရှာရန် ပြည်သူ့ပါတီမှ ထုတ်ပြန်တောင်းဆိုတိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ၏လက်ရှိအခြေအနေသည် အလွန်ခက်ခဲကျပ်တည်းသည့် လမ်းဆုံလမ်းခွတွင် ရောက်ရှိနေကာ ၂၀၂၁ ခုနှစ်၊ဖေဖေါ်ဝါရီ ၁ ရက်မှစ၍ ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ထိခိုက်ဒဏ်ရာရမှုများ၊သေဆုံးမှုများ၊ဖမ်းဆီးခံရသူများ၊အိုးအိမ်ရပ်ရွာပျက်စီးဆုံးရှုံးမှုများနှင့်နေရပ်စွန့်ခွာတိမ်းရှောင်ရသူများ တိုးတက်များပြားလျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ရေး သားထားသည်။

ထို့ပြင် ကိုဗစ်(၁၉)ရောဂါကြောင့် ကျန်းမာရေး၊လူ မှုရေး၊စီးပွားရေးအခက်အခဲများ ကြုံတွေ့နေရပြီး စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းဖျက်သိမ်းရမှုကြောင့် အလုပ်လက်မဲ့ပြဿနာများနှင့်အတူ ရာ ဇဝတ်မှုများ၊တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်းများအားရင်ဆိုင်နေရပြီး ကလေးငယ်များ၏ ပညာ ရေး၊ပြည်သူလူထု၏ ကျန်းမာရေးဝန်ဆောင်မှု အ ခြေခံလူ့အခွင့်အရေးစံနှုန်းများ မခံစားရသည့် အ ခြေအနေဖြစ်သည်။

အလားတူ ပြည်ပဖိအားပေးမှုများ၊အရေးယူပိတ် ဆို့မှုများကြောင့် နိုင်ငံတကာဆက်ဆံရေးပုံရိပ်သည် ထိခိုက်နစ်နာလျက်ရှိကာ နိုင်ငံတကာအင် အားချိန်ခွင်လျှာ အပြောင်းအလဲများနေချိန်၌ မြန် မာနိုင်ငံ၏ လက်ရှိဖြစ်စဥ်များအား မှန်ကန်ထိရောက်စွာမဖြေရှင်းနိုင်ပါက အလွန်စိုးရိမ်ဖွယ်အ ခြေအနေသို့ ဦးတည်နေသည်ဟု ရှုမြင်သုံးသပ်ကြောင်း ပြည်သူ့ပါတီ၏ထုတ်ပြန်ချက်၌ ရေး သားထားသည်။

Zaw Gyi











LEAVE A REPLY

Please enter your comment!
Please enter your name here