မဟာအောင်မြေမြို့နယ်၌ ယာဥ်စစ်ဆေးမှုပြုလုပ်နေသည့် ယာဥ်ထိန်းအဖွဲ့ဝင်များ သေနတ်ဖြင့်ပစ် ခတ်ခံရ တစ်ဦးဒဏ်ရာရရှိ

0
165

မဟာအောင်မြေမြို့နယ်၌ ယာဥ်စစ်ဆေးမှုပြုလုပ်နေသည့် ယာဥ်ထိန်းအဖွဲ့ဝင်များ သေနတ်ဖြင့်ပစ် ခတ်ခံရ တစ်ဦးဒဏ်ရာရရှိ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း တွင် ယာဥ်စစ်ဆေးမှုများပြုလုပ်နေသည့် ယာဥ်ထိန်းရဲအဖွဲ့ဝင်များသည် မတ် ၂၆ ရက်(ယနေ့) နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု မြို့နယ်နေသူများထံမှ သိရသည်။

ယာဥ်စစ်ဆေးမှုပြုလုပ်နေသည့် ယာဥ်ထိန်းရဲအဖွဲ့အား နံနက် ၁၁ နာရီခွဲခန့်တွင် အမည်မသိလက် နက်ကိုင်အမျိုးသား ၄ ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ သေနတ်များဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ် သည်။

“ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်ပြေးသွားတာ အခုဖြစ်တဲ့နေရာက စစ်တပ်ကလုံခြုံရေးယူထားတဲ့နေရာနဲ့သိပ်မဝေးဘူး သေနတ်သံတွေကတော့ သိပ်အများကြီးတော့မဟုတ်ဘူး ၆ ချက် ၇ ချက်လောက်တော့ရှိတယ်”ဟုမဟာအောင်မြေမြို့နယ်နေသူတစ်ဦးကပြောသည်။

ယာဥ်ထိန်းရဲအဖွဲ့အား သေနတ်ဖြင့်ပစ်ခတ်ခံရမှုတွင် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ယာဘက်ပေါင်ရင်း၌ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် လူ နာတင်ကားဖြင့် ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာပြီးနောက် ပစ်ခတ်သွားသူများအားဖမ်းဆီးရမိရန် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် ဖေဖော်ဝါရီလအတွင်းကလည်း ယာဥ်စစ်ဆေးမှုများပြုလုပ်နေသည့် ယာဥ်ထိန်းအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့အနီး၌ လက် လုပ်မိုင်းပေါက်ကွဲခဲ့သဖြင့် ယာဥ်ထိန်းအဖွဲ့အချို့ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

Zaw Gyi

မဟာေအာင္ေျမၿမိဳ႕နယ္၌ ယာဥ္စစ္ေဆးမႈျပဳလုပ္ေနသည့္ ယာဥ္ထိန္းအဖြဲ႕ဝင္မ်ား ေသနတ္ျဖင့္ပစ္ ခတ္ခံရ တစ္ဦးဒဏ္ရာရရွိ

မႏၲေလးၿမိဳ႕၊မဟာေအာင္ေျမၿမိဳ႕နယ္၊ ၇၈ လမ္း တြင္ ယာဥ္စစ္ေဆးမႈမ်ားျပဳလုပ္ေနသည့္ ယာဥ္ထိန္းရဲအဖြဲ႕ဝင္မ်ားသည္ မတ္ ၂၆ ရက္(ယေန႔) နံနက္ပိုင္းက ေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရသည္ဟု ၿမိဳ႕နယ္ေနသူမ်ားထံမွ သိရသည္။

ယာဥ္စစ္ေဆးမႈျပဳလုပ္ေနသည့္ ယာဥ္ထိန္းရဲအဖြဲ႕အား နံနက္ ၁၁ နာရီခြဲခန္႔တြင္ အမည္မသိလက္ နက္ကိုင္အမ်ိဳးသား ၄ ဦးက ဆိုင္ကယ္ျဖင့္ေရာက္ရွိလာကာ ေသနတ္မ်ားျဖင့္ပစ္ခတ္ခဲ့ျခင္းျဖစ္ သည္။

“ဆိုင္ကယ္နဲ႔ေရာက္လာၿပီး ပစ္ေျပးသြားတာ အခုျဖစ္တဲ့ေနရာက စစ္တပ္ကလုံၿခဳံေရးယူထားတဲ့ေနရာနဲ႔သိပ္မေဝးဘူး ေသနတ္သံေတြကေတာ့ သိပ္အမ်ားႀကီးေတာ့မဟုတ္ဘူး ၆ ခ်က္ ၇ ခ်က္ေလာက္ေတာ့ရွိတယ္”ဟုမဟာေအာင္ေျမၿမိဳ႕နယ္ေနသူတစ္ဦးကေျပာသည္။

ယာဥ္ထိန္းရဲအဖြဲ႕အား ေသနတ္ျဖင့္ပစ္ခတ္ခံရမႈတြင္ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္တစ္ဦး၏ ယာဘက္ေပါင္ရင္း၌ က်ည္ထိမွန္ဒဏ္ရာရရွိခဲ့သျဖင့္ လူ နာတင္ကားျဖင့္ ေဆး႐ုံသို႔တင္ပို႔ခဲ့ရေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားေရာက္ရွိလာၿပီးေနာက္ ပစ္ခတ္သြားသူမ်ားအားဖမ္းဆီးရမိရန္ ပိတ္ဆို႔စစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

မႏၲေလးၿမိဳ႕တြင္ ေဖေဖာ္ဝါရီလအတြင္းကလည္း ယာဥ္စစ္ေဆးမႈမ်ားျပဳလုပ္ေနသည့္ ယာဥ္ထိန္းအဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕အနီး၌ လက္ လုပ္မိုင္းေပါက္ကြဲခဲ့သျဖင့္ ယာဥ္ထိန္းအဖြဲ႕အခ်ိဳ႕ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here