ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရွေးချယ်ပေးခဲ့သည့် “ပြည်ထောင်စု”ဆိုသည့်စကားအား အလေး ထားအကောင်အထည်ဖော်နေဟု နစက ဥက္ကဋ္ဌပြော

0
416

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရွေးချယ်ပေးခဲ့သည့် “ပြည်ထောင်စု”ဆိုသည့်စကားအား အလေး ထားအကောင်အထည်ဖော်နေဟု နစက ဥက္ကဋ္ဌပြော

မြန်မာနိုင်ငံသည် သမိုင်းကြောင်းအစဥ်အဆက်၌ တိုင်းရင်းသားများနှင့်ပေါင်းစည်းနေထိုင်လာခဲ့သည့် ပြည်ထောင်စုဖြစ်သည့်အကြောင်းနှင့်ပတ် သက်၍ နစက ဥက္ကဋ္ဌက မတ် ၂၇ ရက်(ယနေ့)နံ နက်ပိုင်းက နေပြည်တော်၌ပြုလုပ်သည့် ၇၇ နှစ် မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် ဘုရင်များ သည် ဒေသအလိုက် အပိုင်စား၊နယ်စား၊မြို့စား၊ရွာစားများအား အုပ်ချုပ်ပိုင်ခွင့်ပေးအပ်၍ ဘုရင့်ထံ၌ သစ္စာခံစေကာ ဘုရင်မှ တစ်နိုင်ငံလုံးအား လွှမ်းခြုံပြီးစနစ်တကျအုပ်ချုပ်သည့်စနစ်ကျင့် သုံးခဲ့သည်ဟု ပြောသည်။

ကိုလိုနီစနစ်အောက်၌ တောင်တန်းဒေသနှင့်ပြည်မ အုပ်ချုပ်ရေး ၂ ခု ခွဲခြားအုပ်ချုပ်ခံခဲ့ရပြီး လွတ် လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်မှ ပါလီမန်ဒီမိုကရေစီနစ်၊ဆိုရှယ် လစ်ဒီမိုကရေစီစနစ်အပါအဝင် အုပ်ချုပ်မှုစနစ် အမျိုးမျိုးဖြင့် အုပ်ချုပ်ခဲ့ကြကြောင်း နစက ဥက္ကဋ္ဌကပြောသည်။

“မြန်မာနိုင်ငံဟာ နေရာဒေသအလိုက် ပထဝီအနေ အထား၊တိုင်းရင်းသားလူမျိုးစုများစွာနဲ့သမိုင်းအ စဉ်အဆက်မှာ အတူတကွပေါင်းစည်းနေထိုင်ခဲ့ကြတာဖြစ်ပြီး ရေမြေပိုင်နက် နယ်နိမိတ်နဲ့ အချုပ် အခြာအာဏာပိုင် တည်တံ့ခိုင်မြဲပြီး ခိုင်မာတဲ့သ မိုင်းကြောင်းရှိတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်တယ် ဒါ့ကြောင့် ပြည်သူကရွေးချယ်တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကြီးအဖြစ် ခိုင်ခိုင်မာမာတည်ဆောက်သွားဖို့လိုတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဒီမိုကရေစီစနစ်သည် ပြည်သူမှရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ကာ ဖက်ဒရယ်စနစ်သည် လုပ်ပိုင်ခွင့်အာဏာနှင့်ရပိုင်ခွင့်များ မျှဝေ ခွဲဝေခံစားစေခြင်းဖြစ်၍ ဖက်ဒရယ်နှင့်ပတ်သက်ကာ မည်သည့်အယူအဆအမျိုးမျိုးကွဲပြားနေစေ နိုင်ငံ၏ သဟဇာတဖြစ်သည့်စနစ်မျိုးကိုသာ ရွေး ချယ်တည်ဆောက်သွားမည်ဟုပြောသည်။

ထို့ကြောင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရန် အ ရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ အခြေခံကောင်းများရရှိစေရန် ဆောင်ရွက်ပြီး လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်နှင့်တိုင်းရင်းသားအားလုံးအချိုးကျကိုယ် စားပြုပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ်ဖြစ်ပေါ် လာစေရန် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“ဒီလိုဆောင်ရွက်နေတာဟာ တပ်မတော်အနေနဲ့ နိုင်ငံရေးလုပ်နေတာမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်တဲ့ တိုင်းပြည်တည်ဆောက်ရေးကို ပုံဖော်နေတာဖြစ်တဲ့အတွက် တိုင်းရင်းသားပြည်သူအားလုံးနဲ့နိုင်ငံ တော်ရဲ့အမျိုးသားအကျိုးစီးပွားအတွက် အမျိုး သားနိုင်ငံရေးတာဝန်တွေကို သစ္စာရှိရှိကျေပွန်စွာထမ်းဆောင်နေတာဖြစ်တယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Zaw Gyi









 


LEAVE A REPLY

Please enter your comment!
Please enter your name here