ချမ်းအေးသာစံမြို့နယ်ရှိ ဒေးဝန်းအရှေ့ရပ်ကွက်ရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခံရ

0
150

ချမ်းအေးသာစံမြို့နယ်ရှိ ဒေးဝန်းအရှေ့ရပ်ကွက်ရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခံရ

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊၃၅လမ်း၊၈၉လမ်းနှင့်လမ်း၉၀ကြားရှိ ဒေးဝန်းအရှေ့ရပ်ကွက်ရုံး(မဟာအောင်မြေ) အား မတ်လ၂၇ရက်နေ့ မွန်းလွဲ၄နာရီ၃၅မိနစ်အချိန်က လက်ပစ်ဗုံးဖြင့် ပစ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“အိမ်မှာ ထိုင်နေတုန်း အုန်းဆိုတဲ့အသံကတော်တော်ကျယ်တယ်။နောက်ပြီးတော့ဘသေနတ်ပစ်သံလည်း ၆ချက်လောက်ကြားလိုက်ရတယ်။၃၅လမ်းပေါ်က ရပ်ကွက်ရုံးကို လက်ပစ်ဗုံးနဲ့လာပစ်သွားတာလို့ သိရတယ်´´ဟု ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

လက်ပစ်ဗုံးဖြင့် ပစ်ခံရမှုဖြစ်စဉ်ှမှာ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၃၅ လမ်း၊ ၈၉×၉၀ လမ်းကြားရှိဒေးဝန်းအရှေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး(မဟာအောင်မြေ)အရှေ့တွင် အမည်မသိအမျိုးသား(၂)ဦးသည် နံပါတ်မမှတ်မိ (ဆိုင်ကယ်စိစစ်ဆဲ)ဖြင့် မဟာအောင်မြေမြို့နယ်ဘက်မှ ၃၅ လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာပြီး ၃၅ လမ်း၊ ၈၉×၉၀ လမ်းကြား အဆိုပါရုံးအရှေ့ရှိ လမ်းပေါ်အရောက်တွင် လက်ပစ်ဗုံးအား ပစ်ပေါက်ခဲ့သဖြင့် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာသူများမှာ ၈၉ လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်းနှင့် လူ/ပစ္စည်းထိခိုက်မှုမရှိကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ ဒေးဝန်းအရှေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး(မဟာအောင်မြေမြို့နယ်)အား ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ယခုအကြိမ်အပါအဝင်သုံးကြိမ်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

Zaw Gyi


မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊၃၅လမ်း၊၈၉လမ်းနှင့်လမ်း၉၀ကြားရှိ ဒေးဝန်းအရှေ့ရပ်ကွက်ရုံး(မဟာအောင်မြေ) အား မတ်လ၂၇ရက်နေ့ မွန်းလွဲ၎နာရီ၃၅မိနစ်အချိန်က လက်ပစ်ဗုံးဖြင့် ပစ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။


လက်ပစ်ဗုံးဖြင့် ပစ်ခံရမှုဖြစ်စဉှ်မှာ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၃၅ လမ်း၊ ၈၉×၉၀ လမ်းကြားရှိဒေးဝန်းအရှေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး(မဟာအောင်မြေ)အရှေ့တွင် အမည်မသိအမျိုးသား(၂)ဦးသည် နံပါတ်မမှတ်မိ (ဆိုင်ကယ်စိစစ်ဆဲ)ဖြင့် မဟာအောင်မြေမြို့နယ်ဘက်မှ ၃၅ လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာပြီး ၃၅ လမ်း၊ ၈၉×၉၀ လမ်းကြား အဆိုပါရုံးအရှေ့ရှိ လမ်းပေါ်အရောက်တွင် လက်ပစ်ဗုံးအား ပစ်ပေါက်ခဲ့သဖြင့် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာသူများမှာ ၈၉ လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်းနှင့် လူ/ပစ္စည်းထိခိုက်မှုမရှိကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။



LEAVE A REPLY

Please enter your comment!
Please enter your name here