ဘားအံမြို့နယ်ရှိ အာရှလမ်းမကြီးတွင် တွဲကားအရှိန်လွန်ကာသစ်ပင်ဝင်တိုက် တစ်ဦးသေဆုံး

0
256

ဘားအံမြို့နယ်ရှိ အာရှလမ်းမကြီးတွင် တွဲကားအရှိန်လွန်ကာသစ်ပင်ဝင်တိုက် တစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ဒူရိန်ကျေးရွာအ နီးရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်၌ မတ် ၂၇ ရက်(ယနေ့)နေ့လည် ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့-ကရင်ပြည်နယ်မှသိရသည်။

အာရှလမ်းမကြီးအတိုင်းမောင်းနှင်လာသည့် တွဲကားသည် အခင်းဖြစ်နေရာအရောက်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အားဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် တွဲကားမောင်းသူမှာကားခေါင်းခန်းအတွင်း ညှပ်လျက်အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ပြီး စပယ်ယာဖြစ်သူမှာထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

 

“ကားမောင်းတဲ့လူဘက်နဲ့သစ်ပင်ကိုဝင်တိုက်မိတာ ကားသမားကခေါင်းခန်းထဲမှာညပ်နေလို့ နာ ရီဝက်နီးပါးလောက်ကြာအောင် ထုတ်ခဲ့ရတယ် ဖြစ်တဲ့နေရာမှာပဲသေဆုံးခဲ့ပါတယ် ကားစပယ် ယာကတော့ဘာမှမဖြစ်ခဲ့ပါဘူး”ဟုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-ကရင်ပြည်နယ်မှတာဝန် ရှိသူတစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်အား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-ဘားအံ၊မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-အိန္ဒု၊မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့- နောင်လုံ၊မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-ဝဲကရင်နှင့်အိန္ဒုနယ်မြေမီးသတ်စခန်း၊သာမညနယ် မြေမီးသတ်စခန်းတို့မှကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

ဖြစ်စဥ်တွင်သေဆုံးခဲ့သည့် တွဲကားမောင်းသူ၏ ရုပ်အလောင်းအား မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့-နောင်လုံ လူနာတင်ကားဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here