ဒေါ်အောင်ဆန်းစုကြည် Quarantine ဝင်နေရသဖြင့် ယနေ့ရုံးချိန်းသို့ လာရောက်နိုင်ခြင်းမရှိ

0
122

ဒေါ်အောင်ဆန်းစုကြည် Quarantine ဝင်နေရသဖြင့် ယနေ့ရုံးချိန်းသို့ လာရောက်နိုင်ခြင်းမရှိ

နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံး၌ တရားစွဲဆိုခံထားရသည့် အမှုများအတွက် တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် Quarantine ဝင်နေရသဖြင့် ယနေ့ရုံးချိန်းသို့လာရောက်နိုင်ခြင်းမရှိခဲ့ကြောင်း ရှေ့နေအသိုင်းအ ဝိုင်းမှသိရသည်။

ဒေါ်အောင်ဆန်းစုကြည့်နှင့်အတူနေသူအချို့၌ ကိုဗစ်(၁၉)ရောဂါကူးစက်ဖြစ်ပွားနေသဖြင့် ၎င်းမှာလည်း Quarantine ဝင်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ ကိုဗစ်မဖြစ်ပါဘူး ဒါပေမယ့် အတူနေသူတွေမှာဖြစ်နေတော့ သူလည်း ကွာရန်တင်းဝင်နေရတဲ့သဘောပါ ပြီးခဲ့တဲ့အပတ်ရုံးချိန်း ကြာသာပတေးနေ့ထဲကရုံးချိန်းမလာရောက်နိုင်တာပါ”ဟုရှေ့နေတစ်ဦးကပြော သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ထိုင်သူ ၈ ဦးရှိကာ ကိုဗစ်(၁၉)ရောဂါကူးစက်ဖြစ် ပွားနေသူဦးရေအား သိရှိရခြင်းမရှိကြောင်း ရှေ့ နေအသိုင်းအဝိုင်းမှ သိရသည်။

“ပြီးခဲ့အပတ်ရုံးချိန်း ဒီနေ့ရုံးချိန်းနဲ့နောက်ရက်ရုံး ချိန်းကိုလည်း မလာနိုင်ဘူးလို့သိရတယ် Quarantine ရက်ပြည့်သွားတဲ့အခါလာမယ့်ရုံး ချိန်းတွေကိုတော့တက်မှာပါ လက်ရှိဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကတော့ ကောင်းတယ်လို့ကြားတယ်”ဟုရှေ့နေတစ်ဦးကပြောသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here