ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကျန်းမာရေးအခြေအနေစိုးရိမ်ရ

0
51

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကျန်းမာရေးအခြေအနေစိုးရိမ်ရ

လာမယ့် မတ်လ၃၁ ရက်နေ့မှာ ၅၀၅ က နဲ့ အင်းစိန်ထောင်တွင်းအထူးတရားရုံးကအပြီးသတ် အမိန့်ချဖို့ရှိနေတဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂရုံးပြန်ကြားရေးက သတင်းထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။

မဆုရည်လင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉.ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။

သမဂ္ဂရုံးပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်ထဲမှာ လွန်ခဲ့တဲ့ ၃ ပတ်အတွင်းက မဆုရည်လင်းဆီသို့ ပေးပို့တဲ့ ပါဆယ်ထုတ်တွေမရောက်တဲ့အကြောင်း လည်း ဖော်ပြထားတာတွေ့ရပါတယ်။

လက်ရှိအချိန်အထိလည်း မဆုရည်လင်းဟာ မိသားစုဝင်တွေနဲ့ မတွေ့ဆုံရသေးဘဲ မိသားစုမှ ပါဆယ်ထုတ်သီးသန့်သာ ပို့ပေးနေရတာပါ။

မဆုရည်လင်းကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားတဲ့အပြင် မှတ်ပုံတင်အတုကိုင်ဆောင်မှု ၄၂၀ပုဒ်မနဲ့ ထပ်ဆွဲဖို့ရှိနေတယ်လို့လည်း သိရကြောင်း သမဂ္ဂကဖော်ပြပါတယ်။

မဆုရည်လင်းဟာနှလုံးမကောင်းတဲ့အတွက် ထောင်တွင်းမှာ နှလုံးဆေးတွေ သောက်နေရပြီး ရောဂါကုသတာမှာ အထူးကုနဲ့ စနစ်တကျတိုင်ပင်ပြသကုသတာမဟုတ်လို့ မိသားစုက အလွန်အမင်းစိုးရိမ်ပူပန်နေတယ်လို့ သမဂ္ဂပြန်ကြားရေးကပြောဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here