ပြည်သူများ သင်္ကြန်မဏ္ဍာပ်ဆောက်လုပ်လိုပါက ခွင့်ပြုသွားမည်ဟု နစက ထုတ်ပြန်

0
110

ပြည်သူများ သင်္ကြန်မဏ္ဍာပ်ဆောက်လုပ်လိုပါက ခွင့်ပြုသွားမည်ဟု နစက ထုတ်ပြန်

 

ရန်ကုန်တိုင်းအတွင်း၌ သင်္ကြန်ပွဲတော်ကာလအ တွင်း ရေကစားမည့်ပြည်သူများ မဏ္ဍာပ်ဆောက် လုပ်လိုပါက စည်းကမ်းသတ်မှတ်ချက်များနှင့်အ ညီ ခွင့်ပြု့ပေးသွားမည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

မဏ္ဍာပ်ဆောက်လုပ်ခွင့်များ ထပ်မံတင်ပြလာပါကခွင့်ပြုနိုင်ရန် လျာထားလျှက်ရှိကာ ခွင့်ပြုရာ တွင်လည်း စည်းကမ်းသပ်မှတ်ချက်များချမှတ်ရန် မတ် ၃၀ ရက်၌ အစည်းအဝေးကျင်းပ၍ အ သေးစိတ်ဆွေးနွေးသွားမည်ဖြစ်သည်။

လက်ရှိအချိန်၌ ရန်ကုန်တိုင်းအတွင်း သင်္ကြန်ပွဲ တော်ကျင်းပရန် သင်္ကြန်မဏ္ဌာပ်အဖြစ် မြို့တော် ဝန်မဏ္ဍာပ်တစ်ခုသာ ကြိုတင်ဆောက်လုပ်ခွင့်ပြု ၍ ဆောက်လုပ်လျက်ရှိသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထို့ပြင် သင်္ကြန်ကာလအတွင်း ပြည်သူများပျော်ရွှင်စွာ ရေကစားနိုင်ရေး တပ်မတော်သားများ၊ရဲ တပ်ဖွဲ့နှင့်အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်မှ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ဧပြီလ၌ကျရောက်မည့် သင်္ကြန်ပွဲ တော်အား ရန်ကုန်မြို့၌ ရေကစားမဏ္ဌာပ်များအ ပြင် လမ်းလျှောက်မဏ္ဍာပ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပရန် ဆောင်ရွက်နေသည်ဟုလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here