ကျင်စန်းကျော့ဂိတ်ပြန်လည်ဖွင့်လှစ်

0
184

ကျင်စန်းကျော့ဂိတ်ပြန်လည်ဖွင့်လှစ်

ကပ်ရောဂါကြောင့် ရက်ပိုင်းယာယီပိတ်ခဲ့သော ကျင်စန်းကျော့ဂိတ် (မူဆယ်-ဝမ်တိန် မန်မိုင် လမ်းကြောင်း) ကို မတ်လ ၂၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ရှမ်းပြည်နယ်ရှိ ကျင်စန်းကျော့ဂိတ်တွင် တာဝန်ကျနေသည့် တရုတ်နိုင်ငံသားဝန်ထမ်းတစ်ဦးထံတွင် ကိုဗစ်(၁၉)ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရသဖြင့် မတ် ၂၅ ရက်မှစတင်ကာ တရုတ်နိုင်ငံဘက်မှ ဂိတ်အားယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကျင်စန်းကျော့ဂိတ်အား ၂ ရက်ကြာ ယာယီပိတ်ခဲ့သဖြင့် ကုန်တင်ကားများ ရာနှင့်ချီကာရပ်နားထားခဲ့ရသဖြင့် ကုန်သွယ်မှုများရပ်ဆိုင်းသွားခဲ့သည်ဟု ကုန်သည်များထံမှသိရသည်။

“တရုတ်ဘက်ကိုပို့ဖို့စောင့်နေတဲ့ ဖရဲ၊သခွားမွှေးနဲ့တခြားကုန်စည်တင်ကားတွေအကုန်ပိတ်သွားတာပေါ့ အခုပြန်ဖွင့်လိုက်ပြီ ဒါပေမယ့်တစ်ချို့ကုန်တွေကကြာရှည်မခံတဲ့ကုန်တွေဖြစ်နေတဲ့အတွက် စျေးကောင်းမရတော့ဘူးပေါ့ဗျာ”ဟုကုန်သည်တစ်ဦးကပြောသည်။

အဆိုပါ ကျင်စန်းကျော့ဂိတ်အားပြန်လည်ဖွင့်လှစ်ထားသည်မှာ ရက်ပိုင်းမျှသာရှိသေးပြီး ၂ ရက်ခန့်ထပ်မံပိတ်ခဲ့ကာ ယနေ့၌ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျင်စန်းကျော့ဂိတ်အား မတ် ၂ ရက်ကလည်း တရုတ်နိုင်ငံဘက်ခြမ်းမှအကောက်ခွန်ဝန်ထမ်း၊ကျန်းမာရေးဝန်ထမ်းနှင့်ကားမောင်းသူများထံမှ ကိုဗစ်(၁၉)ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ယာယီပိတ်ခဲ့ပြီး မတ် ၄ ရက်ကပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ကုန်သွယ်မှုတွေစနေပါပြီ”ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်အချို့တွင် ယွမ်ငွေဖြင့် အခွန်ဆောင်ခြင်းအား ဖေဖော်ဝါရီ၁ရက်ကစပြီးစတင်နေပြီလည်းဖြစ်သည်။

မူဆယ်နယ်စပ်ကုန်သည်ကြီးတစ်ဦးကမူ”ဟိုဘက်မှာပိတ်မိနေတဲ့၊ဒီဘက်ကနေသွားလို့မရတဲ့ ကားတွေကအများကြီး၊ခုလမ်းဖွင့်သွားပြီ။မြန်မာဘက်က ဖရဲ၊သခွါး၊ရာဘာတွေအတွက် အဆင်ပိုပြေသွားတယ်”ဟုပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here