စားသုံးရန်မသင့်သည့် အသားလုံး၊ အသားချောင်း အမယ် ၂၀ ကျော် တွေ့ရှိ

0
185

စားသုံးရန်မသင့်သည့် အသားလုံး၊ အသားချောင်း အမယ် ၂၀ ကျော် တွေ့ရှိ

မြန်မာနိုင်ငံ ပြည်တွင်း ဈေးကွက်အတွင်း ရောင်းချနေသော အသားလုံး၊ အသားချောင်း အမျိုးအစားများစွာကို စစ်ဆေးခဲ့ရာ စားသုံးရန်မသင့်သည့် အမယ် ၂၀ ကျော် တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာက သိရသည်။

“ကျွန်တော်တို့ FDA အနေနဲ့ ဈေးကွက်အတွင်းမှာ ရှောင်တခင် စစ်ဆေးတာတွေလုပ်ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နဲ့ လက်ရှိ မတ်လအတွင်းမှာ စားသုံးဖို မသင့်တဲ့ အသားလုံး၊ အသားချောင်း စုစုပေါင်း ၂၁ မျိုး ကို စစ်ဆေးတွေ့ရှိခဲ့တာပါ။အရေးယူတာတွေလည်း လုပ်မှာဖြစ်ပါတယ်”ဟု FDA ၏ တာဝန်ရှိသူက ပြောသည်။

ယင်းစစ်ဆေးတွေ့ရှိမှုများမှာ Benzoic Acid ကို သတ်မှတ် ပမာဏာထက် ပိုမိုသုံးစွဲထားသော Thailand , PS-Food, Thai Star Barbnd, K& P PS-Food, TSP, B4 New, ဖွန်းစဝမ်း၊ B.B, ကြက်ဘီဘီ၊ JSP Food, TRK, Top GP စသည့်
အမှတ်တံဆိပ်များ၊ Sorbic Acid ကို သတ်မှတ်ပမာဏာထက် ပိုမိုသုံးစွဲထားသည့် P&J, Al CHENG စသည့် အမှတ်တံဆိပ်များဖြင့်ထုတ်လုပ်သော မာလာကြက်အူချောင်းအပါအဝင် ကြက်သားကြက်အူချောင်းအမျိုးမျိုးတို့ ဖြစ်ကြောင်း သိရသည်။

ယင်း အစားအစာများကြောင့် ကလေးသူငယ် ၊ ကိုယ်ဝန်ဆောင် နှင့် သက်ကြီးရွယ်အိုများအနေဖြင့် မျက်လုံး၊ အရေးပြားယားယံခြင်း ၊ ပျို့အန်ခြင်း၊ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ဗိုက်ဗိုက်နာဖြစ်ခြင်းတို့ကို ခံစားရနိုင်သည့်အပြင် နောင်တွင် အစာအိမ်၊ အသည်း၊ ကျောက်ကပ်များပျက်စီး၍ ကင်ဆာရောဂါများလည်း ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ အစားအသောက်များကို ဖြန့်ဖြူးရောင်းချခြင်းမပြုရန် တားမြစ်လိုက်ပြီး မလိုက်နာပါကတည်ဆဲ အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈ (က) အရ တရားစွဲဆိုအရေးယူမည် ဖြစ်ကြောင်း ၊တရားစွဲဆိုပါက ပြစ်ဒဏ်အနေဖြင့် ငွေဒဏ် သုံးသိန်းထက် မပိုသော ဒဏ်ငွေ ကောက်ခံရမည်ဟုယင်းဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here