လက်ရှိ တိုင်းပြည်၏ပြဿနာသည် မျက်နှာချင်းဆိုင်အပြန်အလှန်စားပွဲပေါ်တွင် ဆွေးနွေးကြရန် လိုအပ်ကြောင်း မူတူးစေးဖိုးပြောကြား

0
107

လက်ရှိ တိုင်းပြည်၏ပြဿနာသည် မျက်နှာချင်းဆိုင်အပြန်အလှန်စားပွဲပေါ်တွင် ဆွေးနွေးကြရန်လိုအပ်ကြောင်း မူတူးစေးဖိုးပြောကြား

လက်ရှိ တိုင်းပြည်၏ပြဿနာသည် မျက်နှာချင်းဆိုင်အပြန်အလှန်စားပွဲပေါ်တွင် ဆွေးနွေးကြရန်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (ဗဟို)၊ဥက္ကဋ္ဌဖြစ်သူ မူတူးဆေးဖိုးကပြောသည်။

ယနေ့ မတ်၂၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်သည့် စတုတ္တအကြိမ်မြောက် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ(ဒုတိယပိုင်း)ဖွင့်ပွဲနေ့၌ မူတူးစေးဖိုး ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယင်း ညီလာခံကို မတ်လ ၂၉ ရက်မှ ဧပြီ ၂ ရက်အထိကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။”

“ ကျွန်တော်တို့ တိုင်းပြည်ပြဿနာက ကျွန်တော်တို့စားပွဲပေါ်မှာဘဲ သွားကြရမှာဖြစ်ပါတယ်။ အားမနာတမ်း ကျွန်တော်တို့ သတ္တိရှိရှိ သတ်ဖြတ်နေကြမယ်ဆိုရင် ကျွန်တော်တို့ ပန်းတိုင်ကို ရောက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆန္ဒရှိမယ်ဆိုရင် မျက်နှာချင်းဆိုင် အပြန်အလှန်စားပွဲပေါ်မှာ ဆွေးနွေးရမှာဖြစ်ပါတယ်။ နောင်နှစ်အခါ ဒီအဖိုးကြီး ကြည့်ချင်တဲ့ ပွဲဟာ ငြိမ်းချမ်းရေးပွဲဖြစ်ပါတယ်”ဟု မူတူးစေးဖိုးက သူ၏ ပုဂ္ဂလိက အမြင်ကို ပြောကြားသည်။

လက်ရှိတွင် တစ်ပြည်လုံး၌တစ်ဖက်နှင့်တဖက် အပြန်အလှန် သတ်ဖြတ်နေကြကြောင်း၊ Facebook တွင်လည်း ရှုပ်ထွေနေသည့် အခြေအနေများသို့ ရောက်နေကြောင်း၊ ယင်းကိစ္စရပ်များအား ရပ်တန်းက မရပ်ဘဲ ဆက်လက်သွားမည်ဆိုပါက တိုင်းပြည်၏ငြိမ်းချမ်းရေးသည်လည်း အကွဲကွဲအပြားပြားဖြစ်နိဂုံးချုပ်သွား မည်ဖြစ်ကြောင့် ဖြည့်စွက် ပြောကြားခဲ့သည်။

“အခုပြဿနာက အပြန်အလှန်သတ်ချင်နေတဲ့ သတ်နေကြတဲ့ လုပ်ရပ်ဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရပ်တန်းက မရပ်ဘဲ ဒီအတိုင်းသွားနေကြမယ်ဆိုရင် ကျွန်တော်ပြောရဲပါတယ်။ ကျွန်တော်တို့ တိုင်းပြည် ငြိမ်းချမ်းရေးက ကျွန်တော်တို့ သက်တမ်းမှာ မမှီတော့ပါဘူး။ ကျွန်တော်တို့ ကွဲကွဲပြားပြားဘဲ နိဂုံးချု ပ်သွားရမှာဖြစ်ပါတယ်။အာဃာတ၊ အမုန်းတရားတွေ အခြေခံဖြေရှင်းသွားလို့ မရဘူး။ ဒီလို လူသတ်ပွဲတွေနဲ့ ခြေရှင်းသွားလို့ မရဘူး။ စားပွဲပေါ်မှာ လမ်းရှာပြီး ဖြေရှင်းသွားနိုင်ဖို့ လိုတယ် ” ဟု ဆိုသည်။

အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန် သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီး၊ သြစတြေးလျနိုင်ငံမှ သံတမန်၊ အီတလီနိုင်ငံမှ Deputy Head of Mission ဖြစ်သူ မစ္စတာ အန်ဒရာဖာရာရာ၊ ဆွီဒလန်နိုင်ငံမှ လူသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် USAID မှ ယာယီဋ္ဌာနေကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here