Puma လေယာဥ်ဆီသိုလှောင်ရုံအား ဒရုန်းဖြင့်ဖောက်ခွဲရန်စီစဥ်သူ ၁၀ ဦးအားဖမ်းဆီးရမိဟု နစက ထုတ်ပြန်

0
184

Puma လေယာဥ်ဆီသိုလှောင်ရုံအား ဒရုန်းဖြင့်ဖောက်ခွဲရန်စီစဥ်သူ ၁၀ ဦးအားဖမ်းဆီးရမိဟု နစက ထုတ်ပြန်

ရန်ကုန်မြို့၊သီလဝါဆိပ်ကမ်းရှိ Puma လေယာဥ်ဆီသိုလှောင်ရုံအား ဒရုန်းဖြင့်ဖောက်ခွဲရန်စီစဥ်သူ ၁၀ ဦးအား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက မတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

လေယာဥ်ဆီသိုလှောင်ရုံအား ဖောက်ခွဲရန်စီစဥ်သူ များအနက် တစ်ဦးဖြစ်သည့် ကျော်ဇင်(ခ)ကိုကျော်(၄၁)နှစ်အား ရွှေပေါက္ကံမြို့သစ်၊ (၁၉)ရပ် ကွက်၌ DJI ဒရုန်း ၁ စင်း၊ ၉ မမကျည် ၆၀ တောင့် ၊လက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ကျော်ဇင်(ခ)ကိုကျော် အားစစ်ဆေးချက်အရ ယင်းနေ့ နေ့လည်ပိုင်းတွင် ချစ်သက်ဦး(၃၁)နှစ်၊ဉာဏ်ထွန်းအောင်(ခ)လုံးလုံး(၂၂)နှစ်၊မျိုးသီဟဇော် (၂၉)နှစ်၊ချမ်းထက်အောင်(၂၃)နှစ်တို့အား လက်နက်ခဲယမ်းများနှင့်အတူထပ်မံဖမ်းဆီးရမိခဲ့ပြီးယင်းနေ့၌ပင် တောင်ကြီးမြို့၌ရောက်ရှိနေသည့် ထွေးထွေးအောင်(၃၁)နှစ်နှင့်မြောက်ဥက္ကလာပမြို့နယ်တွင် ဖြိုးသူစိုး(ခ)ဂျက်လီ(၂၅)နှစ်၊နေလင်းဦး(၂၆)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

အလားတူ မတ် ၂၃ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ဝင်းထူး(၂၉)နှစ်နှင့်တောင်ကြီးမြို့တွင် အောင်ကိုကိုခန့်(၂၈)နှစ်တို့အား လုံခြုံ ရေးအဖွဲ့ဝင်များက ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လေယာဥ်ဆီသိုလှောင်ရုံအား ဒရုန်းဖြင့်ဖောက်ခွဲရန်စီစဥ်သည့် အမျိုးသား ၉ ဦးနှင့်အမျိုးသမီး ၁ ဦး(စုစုပေါင်း ၁၀ ဦး)အား DJI ဒရုန်း ၁ စင်း၊ လက်ပစ်ဗုံး ၂ လုံး၊ ၊ ၉ မမကျည် ၉၅ တောင့်၊ လုပ်လက်စ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်သေနတ်ကိုယ်ထည် ၈ ခု၊ လက်လုပ်သေနတ်နှင့်လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်မှဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိသည်။ ဖမ်းဆီးရမိသူများသည် မင်္ဂလာဒုံ၊မြောက်ဥက္ကလာပ၊သင်္ဃန်းကျွန်းနှင့်မှော်ဘီမြို့နယ်တို့၌ ဖောက်ခွဲမှု ၅ ကြိမ်ပြုလုပ်ခဲ့သူများဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here