နစကနိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်ရန်ရှိ

0
198

နစကနိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်ရန်ရှိ

တရုတ် နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ဖိတ်ကြားချက်အရ ဒေသတွင်းနဲ့ နိုင်ငံတကာအခြေအနေတွေကို အမြင်ဖလှယ်ကြမယ့်အစီအစဉ်ပါပါမယ့် တရုတ်နိုင်ငံ ခရီးစဉ် တစ်ခုကို နစကနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် မကြာမီရက်ပိုင်းအတွင်း သွားရောက်ဖို့ရှိနေတယ်လို့ နိုင်ငံတကာသတင်းဌာနအချို့ရဲ့ ဖော်ပြချက်တွေအရသိရပါတယ်။

အခုလာမယ့် ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့အထိလို့ သိရပြီး တရုတ်နိုင်ငံခရီးစဉ်ကို အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်တို့က နိုင်ငံခြားရေး ဝန်ကြီးတွေလည်း လာရောက်ဖို့ရှိတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကအတည်ပြုပြောကြားထားတာတွေ့ရပါတယ်။

အခုခရီးစဉ်နဲ့ ပတ်သတ်ပြီး တရုတ်ပြောရေးဆိုခွင့်ရှိသူတွေက တရုတ်နဲ့ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေ မိတ်ရင်းဆွေခြာဖြစ်တာ ကို ပြသတာဖြစ်တဲ့အပြင် တရုတ် အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်တာလည်း ဖြစ်တယ်လို့ ပြောကြားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် GDI ကို မြှင့်တင်တာနဲ့ စပ်လျဉ်းပြီး အခုခရီးစဉ်က အထောက်အကူ ဖြစ်လိမ့်မယ်လို့ တရုတ်က မျှော်လင့်ထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here