ရန်ကုန် မြေနီကုန်းတံတားအဆင်းမီးလောင်မှု စုံစမ်းစစ်ဆေးရေးဖွဲ့ စစ်ဆေး

0
153

ရန်ကုန် မြေနီကုန်းတံတားအဆင်းမီးလောင်မှု စုံစမ်းစစ်ဆေးရေးဖွဲ့ စစ် ဆေး

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအဆင်းရှိ အားကစားပစ္စည်းအရောင်းဆိုင်နှင့် စားသောက်ဆိုင် မီးလောင်မှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးသူရဆွေက ပြောသည်။

ယမန်နေ့ မတ်လ ၂၈ရက် နံနက် ၇နာရီ ၂၅မိနစ်မှ စတင်၍ ၁၅မိနစ် ခန့်ကြာလောင်ကျွမ်းခဲ့သော အဆိုပါ မီးလောင်မှုတွင် ဆုံးရှုံးမှုတန်ဖိုးနှင့်

မည်သည့်အတွက်ကြောင့်လောင်ကျွမ်းခဲ့သည်ဆိုခင်းကို ယင်းနေ့၌ပင်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

” မီးလောင်တာက အားကစားပစ္စည်းဆိုင်နဲ့ ဘေးက လောကနတ်စားသောက်ဆိုင် မီးလောင်မှုဖြစ်တာပါ။ မီးလောင်မှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးမှုတွေလုပ်ခဲ့တာပါ။စုံစမ်းစစ်ဆေးမှုအတွက် အဖြေထွက်နေပြီဆိုပေမယ့် အခု လောလောဆယ် ပြောဖို့ အဆင်မပြေသေးပါဘူး။” ဟု ဦးသူရဆွေက ဆိုသည်။

ယင်းမီးလောင်မှုအတွက် Level 1အဆင့်အုပ်စု မီးငြိမ်းသတ်ယာဥ်များထွက်ခွာငြိမ်းသတ်ခဲ့ရပြီး၊ ၇နာရီ ၄၀ မိနစ်တွင် အပြီးသတ်မီး ငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here