သင်္ကြန်ရုံးပိတ်ရက်အတွင်း YBS ခရီးသည်တင်ကားများပြေးဆွဲပေးသွားမည်

0
161

သင်္ကြန်ရုံးပိတ်ရက်အတွင်း YBS ခရီးသည်တင်ကားများပြေးဆွဲပေးသွားမည်

ရန်ကုန်မြို့တွင် နေ့စဥ်ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ကားများအား သင်္ကြန်ပွဲတော်ရုံး ပိတ်ရက်အတွင်း၌လည်း ပြေးဆွဲပေးသွားမည်ဟု ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီး ကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

YRTC ကြီးကြပ်မှုအောက်ရှိ YBS ခရီးသည်တင်ကားလိုင်းအသီးသီးအား သင်္ကြန်ပွဲတော်ရုံးပိတ် ရက်အတွင်းပြေးဆွဲရန် ယာဥ်လိုင်းကုမ္ပဏီများထံအကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်ရုံးပိတ်ရက်အတွင်း ခရီးသွားများ အဆင်ပြေစွာသွားလာနိုင်‌စေရန် ရည်ရွယ်၍ ပုံမှန်ထွက်ရှိသည့်ယာဉ်လိုင်းနှင့်ယာဉ်စီးရေအတိုင်းပြေးဆွဲရန်၊အခက်အခဲရှိပါက ယာဉ်လိုင်းတစ်လိုင်းရှိ ယာဉ်အင်အား၏ ၃ ပုံ ၁ ပုံထက်လျော့ နည်းမှုမရှိဘဲပြေးဆွဲရန် YRTC မှအသိပေးအ ကြောင်းကြားထားသည်ဟု သိရသည်။

ထိုသို့ ပြေးဆွဲရာတွင်လည်း ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစွာမောင်းနှင်ပြေးဆွဲရန်၊ယာဉ်စီးခအား သတ်မှတ်ယာဉ်စီးခထက်ပို၍ မကောက် ခံရန်တို့ကိုလည်း သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီများသို့ အသိပေးအကြောင်းကြားထားသည်။

ထို့အတူ စီးနင်းလိုက်ပါမည့် ခရီးသွားများအနေဖြင့်လည်း ယာဥ်စီးနင်းခအဖြစ် ၅၀၀ ကျပ်နှင့်အ ထက်ကောက်ခံခြင်းများရှိပါက နေ့စွဲ၊အချိန်၊ဖြစ်စဥ်အကျဥ်း၊ယာဥ်လိုင်း၊ယာဥ်နံပါတ်တို့နှင့်အတူ YRTC ၏ Page Messenger သို့ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့လက အလုပ်ကပြန်လာတဲ့အချိန် ညနေ ၅ နာရီဝန်းကျင်လောက်ပဲရှိအုံးမယ် ကားလိုင်းတစ်ခုရဲ့ ကားတစ်စီးက ကားခပိုတောင်းလို့တိုင်လိုက်တယ် အရေးယူပေးမယ် သူတို့စုံစမ်းစစ်ဆေးပေးနေတယ်လို့သိရတယ်”ဟု ဒဂုံတောင်ပိုင်းနေကိုဝေဖြိုးဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here