ဦးပိန်တံတားအနီး တောင်သမန်အင်းအတွင်း ရေဆင်းကူးသော လူငယ်တစ်ဦးရေနစ်သေဆုံး

0
195

ဦးပိန်တံတားအနီး တောင်သမန်အင်းအတွင်း ရေဆင်းကူးသော လူငယ်တစ်ဦးရေနစ်သေဆုံး

မန္တလေးမြို့၊အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ဦးပိန်တံတားအနီး တောင်သမန်အင်းအတွင်း မတ်လ၂၉ရက် နံနက်၁၁နာရီခွဲက ရေဆင်းကူးသော အသက်၁၅နှစ်အရွယ်လူငယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေနစ်သေဆုံးမှုဖြစ်စဉ်မှာ အမရပူရမြို့နယ်၊ရွှေဂွမ်းထုပ်ရပ်ကွက်နေသူ အသက်၁၅နှစ်အရွယ် မောင်နေမျိုးသူသည် တောင်သမန်အင်း၊ ကမ်မချီးချောင်းအတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား လူငယ်အားမန် လူမှုကူညီရေးယာဉ်ဖြင့် အမရပူရမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“အဲ့ဒီ့ဘက်က ရေနက်တယ်။ သေသွားတဲ့ ကလေးက သတ္တမကျောင်းသားလေးပါ”ဟု ဒေသခံတစ်ဦးကပြောသည်။

ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ အမရပူရမြို့နယ်ဆေးရုံမှ သေဆုံးသူသည် ရေနစ်သေဆုံးသည့် လက္ခဏာရပ်များတွေ့ရှိခဲ့ရကြောင်း ပြန်ကြားခဲ့သောကြောင့် အမရပူရမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၄/၂၀၂၂ ရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)


LEAVE A REPLY

Please enter your comment!
Please enter your name here