နွားထိုးကြီးမြို့ရှိ EPC ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းတစ်ဦးဒဏ်ရာရ

0
65

နွားထိုးကြီးမြို့ရှိ EPC ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းတစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊နွားထိုးကြီးမြို့ရှိ မြို့နယ် EPC ရုံး၌ မတ် ၂၉ ရက်(ယနေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

နွားထိုးကြီးမြို့ရှိ မြို့နယ် EPC ရုံး၌ နံနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

“ဝန်ထမ်းအမျိုးသမီးတစ်ယောက်တော့ ဗုံးစထိတာလား အပျက်အစီးကနေထိတာလားတော့မသိဘူး ဒဏ်ရာရသွားလို့ ဆေးရုံကိုလူနာတင်ကားနဲ့တင်ခေါ်သွားတာတွေ့တယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ရုံးဝင်းအတွင်း၌ မီတာလာဆောင်သူများရှိနေသော်လည်း ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက မြို့နယ် EPC ရုံးအားယာယီပိတ်၍စစ်ဆေးမှုများပြုလုပ်ကာ ဖြတ်သန်းသွားလာနေသူများကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here