မတ်ပဲနှင့်ပဲစဉ်းငုံ လွတ်လပ်စွာတင်ပို့ခွင့်အား အိန္ဒိယက နောက်ထပ် တစ်နှစ် ထပ်တိုး

0
165

မတ်ပဲနှင့်ပဲစဉ်းငုံ လွတ်လပ်စွာတင်ပို့ခွင့်အား အိန္ဒိယက နောက်ထပ် တစ်နှစ် ထပ်တိုး

အိန္ဒိယနိုင်ငံဘက်က မတ်ပဲ၊ ပဲစဉ်းငုံတင်သွင်းခွင့်ကို ၂၀၂၃ ခုနှစ် မတ်လ ၃၁ အထိ သက်တမ်းတစ်နှစ်ထပ်တိုးပေးလိုက်ကြောင်းသိရှိရသည်။

အိန္ဒိယနိုင်ငံဘက်မှ ပဲတင်သွင်းသူ importer များအနေဖြင့် ပမာဏအကန့်အသတ်မရှိ လွတ်လပ်စွာတင်သွင်းနိုင်ကြောင်း “Free Permit ” ဟု အိန္ဒိယ၏ ကြေညာချက်ထဲ ထည့်သွင်း သုံးနှုန်းထားသည်ကို တွေ့ရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ လက်အောက်မှ ဌာနစိတ်တစ်ခုဖြစ်သော ဧရာကုန်သွယ်မှုဗဟိုဌာနက တင်သွင်းခွင့်ကာလထပ်တိုးသည့် စာအရ ပြည်တွင်းမတ်ပဲဈေး အနည်းငယ်ပြန်အေးနိုင်သည်။ အိန္ဒိယနိုင်ငံသည်လည်း ထိုသို့ခွင့်ပြုပေးခြင်းသည် ၎င်းတို့၏ပြည်တွင်းပဲဈေးနှုန်းကို ထိန်းထားလိုရင်းဖြစ်သည်။ထို့ကြောင့် လတ်တလောအခြေအနေတွင် မြန်မာမတ်ပဲဈေးအနည်းငယ်ပြန်အေးနိုင်သော်လည်းပြည်တွင်း ဒေါ်လာဈေး ရွှေဈေးနှင့် မြန်မာငွေကြေးတန်ဖိုးများအရ မတ်ပဲတစ်တင်းလျှင် ၅၀၀၀၀ ဝန်းကျင်တွင် ရှိနေလိမ့်ဦးမည်ဟု ယနေ့တွင် ခန့်မှန်းထားသည်။

အချုပ်အားဖြင့် မတ်ပဲဈေးထပ်မတက်ပဲ ခေတ္တဈေးပြန်အေးနေနိုင်သည်။ သို့သော် အလွန်အမင်းဈေးမကျနိုင်ပါဟုလည်း ဧရာကုန်သွယ်မှုဗဟိုဌာနက မှတ်ချက်ပြုသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက “ဒီနေ့ (မတ်လ၂၉ )ရက်စွဲနဲ့ထွက်လာတာလေ။အရင်တုန်းက ၂၀၂၂ မတ်လ၃၁အထိ တင်သွင်းခွင့်ကို သတ်မှတ်ထားတာလေ။အခုကျတော့ နောက်ထပ် ၂၀၂၃ မတ်လ ၃၁ရက်အထိ တစ်နှစ်တိတိ တင်သွင်းခွင့်ထပ်တိုးလိုက်တာပေါ့။အဲ့မှာဘာလာလာလည်း ဆိုတော့ ဖရီးပါမစ်ပါလာတယ်။အရင်တုန်းကတော့ MOUအနေနဲ့ မတ်ပဲ တန်ချိန်နဲ့ ပဲစင်းငုံတန်ချိန် ကို ၂သိန်းခွဲဆိုပြီး G to Gထိုးထားတာပေါ့။ဒါက G to Gထိုးတာက ထိုးတာပဲ။အခုကျတော့ ဖရီးပါမစ်ဆိုတော့ အိန္ဒိယဘက်က importer တွေအနေနဲ့ကတော့ မတ်ပဲကို လိုသလောက် သူတို့အဆင်ပြေသလောက် ပမာဏမကန့်သတ်ပဲ တင်သွင်းလို့ရတယ်ဆိုတဲ့ သဘောပေါ့။အိန္ဒိယဘက်က”Free Permit ” ပေးလိုက်တာက သူတို့ပဲဈေး တက်မှာစိုးလို့ ထိန်းလိုက်တာလည်းပါမယ်။မတ်ပဲနဲ့ ပဲစင်းငုံဈေးကတော့ ဈေးအများကြီးမတက်နိုင်ဘူး။ဈေးတန်းတစ်ခုမှာ ငြိမ်နေလိမ့်မယ် သဘောရှိတယ်။ဒါက သူတို့ဆီက ဈေးနှုန်းပေါ့နော်။ကျွန်တော်ဆီက ဈေးအနေနဲ့ ပြောရရင် မတ်ပဲ တစ်တင်းကို လေးသောင်းကိုးထောင် ငါးသောင်းကျပ်ဈေးမှာရှိတယ်။ဒီစာထွက်လာတော့ ဈေးက သူ့ထက် နည်းနည်းပိုကျလာမယ့် သဘောရှိတယ်။ဈေးုပြန်အေးသွားနိုင်မယ်။အလုအယက်ဝယ်စရာမလိုတော့ ဘူးပေါ့နော်။ဒါပေမယ့် ဈေးက အများကြီးတော့ မကျနိုင်ဘူး။ဈေးအေးတာကလည်း ခဏပဲဖြစ်လိမ့်မယ်။ဒီစာက ဒီနေ့ နေ့လယ်လောက်မှ ထွက်လာတာ။ဈေးအေးလည်း ယာယီပဲ ဖြစ်လိမ့်မယ်”ဟု သုံးသပ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here