လွတ်ငြိမ်းသက်သာခွင့်ပြုရာတွင် ပေးသင့်ပေးထိုက် သူများမကျန်ရှိစေရန် စိစစ်ဆောင်ရွက်ပေးဖို့ နစကကောင်စီဝင်များတင်ပြ

0
224

လွတ်ငြိမ်းသက်သာခွင့်ပြုရာတွင် ပေးသင့်ပေးထိုက် သူများမကျန်ရှိစေရန် စိစစ်ဆောင်ရွက်ပေးဖို့ နစကကောင်စီဝင်များတင်ပြ

မတ်လ ၂၉ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် နစကကောင်စီအစည်းအဝေး (၃/၂၀၂၂)သို့တက်ရောက်ခဲ့ကြသည့် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တို့ ဆွေးနွေးတင်ပြကြစဉ် ထည့်သွင်းပြေကြားခဲ့ကြခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပတ်သက်၍ စနစ်ပြောင်းချိန်တွင် ငြိမ်းချမ်းစွာပူးပေါင်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အကြမ်းဖက်လုပ်ရပ်များနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ကျခံနေရသူများအား ပြစ်ဒဏ် လျှော့ပေါ့ပေးသွားမည်မဟုတ်ကြောင်းကောင်စီဝင်များအား အသိပေးစကားပြောကြားခဲ့သည်။

ယင်းအပြင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အချို့သောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ ချိန်ဆ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားသွးသည်။

ဆက်၍ လွတ်လပ်၍တရားမျှတပြီး ခြိမ်းခြောက်အကြပ်ကိုင်မှု ကင်းရှင်းသော ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရန် အကြမ်း ဖက်အဖွဲ့များ ပပျောက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပါ ပြောဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here