သန်လျင်မြို့နယ်ရှိ ကညန ရုံး၌ဗုံးနှစ်လုံးပေါက်ကွဲခဲ့၍ ကားအချို့ပျက်စီး

0
150

သန်လျင်မြို့နယ်ရှိ ကညန ရုံး၌ဗုံးနှစ်လုံးပေါက်ကွဲခဲ့၍ ကားအချို့ပျက်စီး

ရန်ကုန်မြို့၊သန်လျင်မြို့နယ်ရှိ ကညန ရုံး၌ မတ် ၃၀ ရက်(ယနေ့)နံနက် ၁၁ နာရီကျော်ခန့်က ဗုံးနှစ် လုံးပေါက်ကွဲခဲ့သဖြင့် ကားအချို့ပျက်စီးမှုများရှိခဲ့သည်ဟု မြို့နယ်နေသူများထံမှသိရသည်။

ကညန ရုံးသည် သီလဝါဆိပ်ကမ်းသို့သွားသည့် လမ်းမကြီးပေါ်၌ရှိကာ ရေကြောင်းတက္ကသိုလ်အနီးတွင်ရှိပြီး ရုံးအတွင်းရှိ ဆိုင်းဘုတ်တစ်ခုအနီးတွင်ဗုံးများပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်းဘုတ်အောက်မှာပေါက်တာ နှစ်လုံးပေါက်တယ် မိနစ်ပိုင်းလောက်ပဲခြားပြီးပေါက်သွားတာပါ လူထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး ပေါက်ကွဲသံတွေကြားတော့ကျွန်တော်တို့လည်းလန့်သွားတာပေါ့”ဟုကားလိုင်စင်သက်တမ်းလာတိုးသူတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ကားလိုင်စင်သက်တမ်းတိုးရန် တန်းစီစောင့်ဆိုင်းနေသည့် ကားများအနက် ကားအချို့တွင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“လူထိခိုက်တာမရှိပေမယ့် တန်းစီနေတဲ့ကားတစ်ချို့တော့ထိသွားတာပေါ့ ဗုံးပေါက်တော့ ကညန ရုံးကိုတော့ချက်ခြင်းပိတ်လိုက်တယ် ဒီနေ့က ရုံးမှာ ကားလိုင်စင်နဲ့ကားမောင်းလိုင်စင်ဖြေဖို့ရောက်နေတဲ့လူတွေအများကြီးပဲရှိတယ်”ဟုကားလိုင်စင်သက်တမ်းလာတိုးသူတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကညန ရုံးအား လုံ ခြုံရေးအဖွဲ့ဝင်များက ယာယီပိတ်၍စစ်ဆေးမှုများပြုလုပ်ကာ ရုံး၌ရောက်ရှိနေသူများကိုလည်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here