လျှပ်စစ်စွမ်းအင် ပိုမိုရရှိစေရန် လေအား လျှပ်စစ်ထုတ်လုပ်မှု(Win Power) ပုံစံအား စွမ်းအင်မူဝါဒ တစ်ရပ်ရေးဆွဲ ထုတ်လုပ်ရန် စဉ်စားသင့်သည်ဟုဆို

0
170

လျှပ်စစ်စွမ်းအင် ပိုမိုရရှိစေရန် လေအား လျှပ်စစ်ထုတ်လုပ်မှု(Win Power) ပုံစံအား စွမ်းအင်မူဝါဒ တစ်ရပ်ရေးဆွဲ ထုတ်လုပ်ရန် စဉ်စားသင့်သည်ဟုဆို

 

မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအင် ပိုမိုရရှိစေရန် လေအား လျှပ်စစ်ထုတ်လုပ်မှု(Win Power) ပုံစံအား စွမ်းအင်မူဝါဒ တစ်ရပ်ရေးဆွဲ ထုတ်လုပ်ရန် စဉ်းစားသင့်သည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့သည် လေအားတိုက်ခတ်သည့် ဒေသများဖြစ်သည့်အတွက် လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ပြီး၊ လေအားလျှပ်စစ်ထုတ်လုပ်မှုသည် နေ့ည ရာသီဥတုမရွေးထုတ်လုပ်နိုင်သည့် အတွက် အဆိုပါ နည်းပညာကို မိမိတို့ နိုင်ငံ၏ စွမ်းအင်မူဝါဒတွင် ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောကြားသည်။

အလားတူ ဒီရေအတက်အကျကို အသုံးပြု၍လည်း လျှပ်စစ်ထုတ်ယူမှု နည်းပညာရှိသဖြင့် မိမိတို့အနေဖြင့် ထည့်သွင်းစဉ်းစားသင့်ကြောင်း နှင့် ထိုသို့ ပြည်ဖြိုးမြဲစွမ်းအင်များကို အသုံးပြုပါက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာများကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

နည်းပညာအရ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် နည်းလမ်းအမျိုးမျိုးရှိသည်ကို ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်ပြီး ၊ အဆိုပါ နည်းလမ်းများအတိုင်း ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှစက်သုံးဆီတင်သွင်းမှုများကိုလည်း လျှော့ချသွားနိုင်ကြောင်း ဆိုသည်။

ထို့အပြင် ပြည်ပမှ စက်သုံးဆီတင်သွင်းရာတွင် ပို့ဆောင်ရေးကဏ္ဍ၌ ၇၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍ၌ ၂၆ ရာခိုင်နှုန်း၊ လျှပ်စစ်ထုတ်လုပ်ရေး၌ ၁ ရာခိုင်နှုန်း ရှိနေခြင်းကြောင့် စက်သုံးဆီသုံးစွဲမှုဖြင့် အများပြည်သူ ပို့ဆောင်ရေးဆောင်ရွက်မှုသည် ပမာဏ ပိုမိုများပြားကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် စက်သုံဆီဖြင့် အသုံးပြုရသည်သွားလာရသည့် မော်တော်ယာဉ် ပေါင်း တစ်သန်းကျော်ရှိပြီး၊ မော်တော်ဆိုင်ကယ် ၆ သန်းကျော်ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here