မန္တလေးမြိုရှိ ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်နက်ငယ်များဖြင့် ပစ်ခံရ

0
197

မန္တလေးမြို့ရှိ ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်နက်ငယ်များဖြင့် ပစ်ခံရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၃၅လမ်း၊၅၈ လမ်းနှင့်၅၉လမ်းကြားရှိ ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မတ်လ၃၀ရက် မွန်းလွဲပိုင်းက လက်နက်ကိုင်အချို့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်း အဝိုင်းမှ သိရသည်။

“သေနတ်ပစ်သံတွေတော့ ဆက်တိုက်ကြားလိုက်ရတယ်။ရဲမွန်တောင်ရပ်ကွက်ရုံးကို ပစ်သွားကြတာတဲ့။သေနတ်ပစ်သံငြိမ်သွားပြီးတော့ လုံခြုံရေးအဖွဲတွေရော၊ လူနာတင်ကားတွေရော ရုံးရှေ့ကို ရောက်လာတာတွေ့လိုက်တယ်။ရုံးက လုံခြုံရေးအစောင့်တပ်သားတွေ ဒဏ်ရာရရသွားတယ်ထင်တယ်´´ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်မှာ ရပ်ကွက်ရုံးအနီး ၃၅ လမ်းပေါ်တွင် ဆိုင်ကယ်၃စီးဖြင့် မောင်းနှင်လာသည့် အမည်မသိလက်နက်ကိုင်၅ဦးသည် ရုံးရှေ့အရောက်တွင် ပစ္စတိုသေနတ်များဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ပြီး၎င်းတို့၏နောက်သို့ လုံခြုံရေးတပ်ဖွဲဝင်များမှ လိုက်လံဖမ်းဆီးလျှက်ရှိကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်မတော်သားတစ်ဦးနှင့်ရဲတပ်ဖွဲ့တစ်ဦးတို လက်နက်ငယ်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။

မန္တလေးမြို့တွင် မတ်လ၃၀ရက်နေ့ တစ်ရက်တည်း၌ လက်လုပ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်စဉ်၂ကြိမ်နှင့်လက်နက်ငယ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ် ၁ကြိမ် စုစုပေါင်း(၃)ကြိမ်ဖြစ်ပွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here