Saturday, December 14, 2024

မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု လျော့ကျလာ

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်ထက် လျော့ကျလာခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး(UNODC)၏ အစီရင်ခံစာ ဖော်ပြချက်အရ သိရသည်။ ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၌...

အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အော င်မြင်တော်မူသော...

မော်လမြိုင်မြို့နယ်၊ စာဖြေဌာနတွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား ဒီဇင်ဘာ လအတွင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် စာအောင်ဆုချီးမြှင့်ပေးရန်...

ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ကုန်ထုတ်လုပ်ငန်း အောင်မြင်သူများအား...

၂၀၂၄ ခုနှစ် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအ သုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း...

ယူကရိန်းကိစ္စ နိုင်ငံရေးအရဖြေရှင်းရန်အခြေအနေအတွက်ကြိုးပမ်း–ရှီ

အန်ကာရာ၊ဒီဇင်ဘာ ၁၃ တရုတ်သမ္မတရှီကျင့်ဖျင်က ၎င်းတို့အနေဖြင့် ရုရှား - ယူကရိန်းအရေးအတွက် နိုင်ငံရေးနည်းအရဖြေရှင်းရန်အ‌ေခြအ‌ေနအတွက်ကြိုးပမ်းမည်ဖြစ်‌ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။ ပေကျင်းရှိ အာဏာရ ယူနိုက်တက်ရုရှားပါတီ ဥက္ကဌလည်းဖြစ်သည့် ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်နှင့်တွေ့ဆုံစဉ်...
HomeEducation၂၀၂၂ ခုနှစ် မေလတွင်...

၂၀၂၂ ခုနှစ် မေလတွင် တက္ကသိုလ်များ၊သင်တန်းများအားလုံး ပြန်လည်ဖွင့်လှစ်သွားမည်

၂၀၂၂ ခုနှစ် မေလတွင် တက္ကသိုလ်များ၊သင်တန်းများအားလုံး ပြန်လည်ဖွင့်လှစ်သွားမည်

ကိုဗစ်ကြောင့် ယာယီပိတ်ထားသည့် တက္ကသိုလ်များကို ပြီးခဲ့သည့်နှစ်မေ ၅ ရက်မှစတင်၍ နောက်ဆုံးနှစ် မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့သင်တန်းများ ဖွင့်လှစ်ခဲ့ကာ အဆင့်မြင့်တန်းများနှင့် အဝေးသင်သင်တန်းများကိုလည်း ဖွင့်လှစ်ခဲ့သည်။

ယခုဆက်၍ ကျန်ရှိသည့် တက္ကသိုလ်များ၊သင်တန်းများအားလုံးကို မေလလယ်မှစ၍ အားလုံးပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု နစကဥက္ကဋ္ဌ၏ မတ်လ၂၉ ရက်နှင့် မတ်လ ၃၀ရက် အစည်းအဝေးများအရသိရသည်။

ယင်းသို့ဖွင့်လှစ်ချိန်တွင် ၂၀၁၉ ပညာသင်နှစ်တွင် ၂၀၂၀ တက္ကသိုလ်ဝင် တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအားလုံး တက်ရောက် ကြရမည်ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။

တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ကျောင်းသူများအား ကျောင်းမတက်ရန် ခြိမ်းခြောက်မှုမျိုးစုံရှိလာနိုင်သဖြင့် တာဝန်ရှိသူများအနေဖြင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရှိရန် လိုကြောင်းလည်းမှာကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များအားလုံး အတန်းစုံ ကျောင်းပြန် ဖွင့်လှစ်မှုအား မေလ ၁၂ ရက်ဟု သတ်မှတ်ထားသည်။

ထိုသို့ဖွင့်လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်ပါမောက္ခချုပ် များ၊ ဆရာအတတ် ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီး ဌာနရှိ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယခုရက်ထဲမှာပင်ကျင်းပခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများ၏ ပထမနှစ် သင်တန်း များကိုပါ မေ ၁၂ ရက်တွင် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း၊ ဝင်ခွင့်ရတက္ကသိုလ်များ စာရင်းကို သက်ဆိုင်ရာတက္ကသိုလ်အသီးသီးတွင် ဧပြီ ၁ ရက်၌ ကြေညာသွားမည်ဖြစ်ကာ၊ အဝေးသင်တက္ကသိုလ် သင်တန်းများသည် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် အနီးကပ်သင်တန်း တက်ရောက် ဖြေဆိုကြ မည်ဖြစ်သည်။

နိုဝင်ဘာလတွင် စာသင်နှစ်ဝက်အသစ်အတွက် တက္ကသိုလ်အတန်း များကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူ များလည်း တက်ရောက်ကာ ပုံမှန်စာသင်နှစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ရန် စီစဉ်ထားသည်ဟု ပညာရေးဝန်ကြီးဌာနမှသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု လျော့ကျလာ

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်ထက် လျော့ကျလာခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး(UNODC)၏ အစီရင်ခံစာ ဖော်ပြချက်အရ သိရသည်။ ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၌ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ဘိန်းဖြူနှင့် မူးယစ်ဆေးဝါး တန်ချိန် (၁၀၈၀) ထုတ်လုပ်ခဲ့ကြောင်း ဖော်ပြသည်။ သိူ့သော် ယခုနှစ်တွင် ဘိန်းဖြူထုတ်လုပ်မှု လျော့ကျလာခဲ့ပြီး ဘိန်းဖြူတန်ချိန် (၉၉၅) တန်သာ ထုတ်လုပ်ခဲ့ကြောင်း အစီရင်ခံစာတွငိလည်း ဖော်ပြထားသည်။ မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်ရှိ နေရာအများအပြားမှာ စိုက်ပျိုး...

အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အော င်မြင်တော်မူသော သံဃာတော်များနှင့် သီလရှင်များအား စူဠဘွဲ့နှင်းသဘင် အခမ်းအနားဖြင့် စာအောင်ဆုချီးမြှင့်မည်

မော်လမြိုင်မြို့နယ်၊ စာဖြေဌာနတွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား ဒီဇင်ဘာ လအတွင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် စာအောင်ဆုချီးမြှင့်ပေးရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ စည် ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စူဠဘွဲနှင်းသဘင်အခမ်းအနား အောင်မြင်စွာကျ င်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊...

ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ကုန်ထုတ်လုပ်ငန်း အောင်မြင်သူများအား အလုပ်လျှောက်လွှာခေါ်ယူမည်

၂၀၂၄ ခုနှစ် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအ သုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) အောင်မြင်ပြီးသူ များကို အလုပ်လျှောက်လွှာခေါ်ယူသွားမည်ဖြစ်ကြောင်း အ စိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) မှ အသိပေးကြေညာထားသည်။ ဖော်ပြပါ အလုပ်နေရာများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ၊ နောက်ဆုံးရက်သတ္တပတ် (သို့မဟုတ်) ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ဆောင်ရွ က်သွားမည်ဖြစ်ကြောင်း သိရသည်။ (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာ မေးပွဲ (EPS-TOPIK)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071