မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
179

မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှ တပ်ဖွဲ့၀င်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအနီးတွင် (၃)မိုင်ဘက်မှ ကြိမ်ချောင်းဘက်သို့ လှထွန်းစိန် မောင်းနှင်ပြီး ဦးသန်းနု၊ ထွန်းအောင်သိန်း တို့လိုက်ပါလာသော မော်တော် ဆိုင်ကယ်ကိုရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ ပြားသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော် ထုတ်ချက်များအရ ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုဖြစ်ပွါးခဲ့သည်ဟုသိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီ အချိန် မောင်တောမြို့နယ်၊ သရေကုန်းဘောင်ကျေးရွာနေ မတင်ကြည် ၏ နေအိမ်အား ဆက်လက်ရှာဖွေရာမှတဆင့်ဖမ်းမိခဲ့ခြင်းလည်းဖြစ်သည်။

၄င်းနှင့်အတူ ခင်မောင်ဦး၊ ခိုင်မိုးလင်း၊ မောင်ထွေးတင်၊ လေးမြင့်ဦး၊ မာမာတ်ရှော်ဟီး တို့ ၆ ဦးအားတွေ့ရပြီး သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော် ဆိုင်ကယ်၂ စီးနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်း၊ မြန်မာငွေကျပ် ၉ သိန်း သိမ်းဆည်းရမိခဲ့၍ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်းကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here