ယင်းမာပင်မြို့နယ် လွတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်အေးစန္ဒာကျော်နေအိမ်ချိတ်ပိတ်ခံရ

0
124

ယင်းမာပင်မြို့နယ် လွတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်အေးစန္ဒာကျော်နေအိမ်ချိတ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့၊(က)ရပ်ကွက်ရှိ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်အေးစန္ဒာကျော်၏နေအိမ်အား လုံခြုံရေးအဖွဲ့ဝင်များက မတ် ၂၉ ရက်တွင်ချိတ်ပိတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ဒေါ်အေးစန္ဒာကျော်သည် စစ်ကိုင်းတိုင်း၏ မဲဆန္ဒနယ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ ၎င်း၏တစ်ထပ်တိုက်နှင့်နေအိမ်ခြံဝင်းအား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဖွဲ့စုံလို့ပဲပြောရမှာပေါ့ လာပြီးချိတ်ပိတ်သွားတာ အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်စပ်နေတာကြောင့် ချိတ်ပိတ်တာလို့ ကပ်သွားတဲ့ဗီနိုင်းမှာရေးထားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဒေါ်အေးစန္ဒာကျော်၏ နေအိမ်အားချိတ်ပိတ်ကြောင်းကပ်ထားသည့် ဗီနိုင်း၌ အကြမ်းဖက်အုပ်စု PDF အဖွဲ့များနှင့်ဆက်စပ်ပတ်သက်‌နေသဖြင့် ချိတ်ပိတ်သိမ်းဆည်းရခြင်းဖြစ်သည်ဟု ရေးသားထားသည်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်အေးစန္ဒာကျော်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here